ပိုပိုလိုလို (PoPoLoLo)
ပိုပိုလိုလို အွန်လိုင်း ဝက်ဆိုဒ်သည် မြန်မာပြည်သူပြည်သားများ အနေနှင့် နည်းပညာခေတ်အတွင်း နောက်ကျကျန်မနေဘဲ ရင်ဘောင်တန်း လိုက်နိုင်ရန် လိုအပ်ချက်တရပ်အတွက် တစ်ထောင့်တစ်နေရာမှ အားဖြည့်သည့်အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားထုတ်ကြိုးပမ်းလျှက် ရှိပါသည်။

ပိုပိုလိုလို ဝက်ဆိုဒ်တွင် မိုလ်ဘိုင်းလ်ဖုန်းများနှင့် ပက်သက်သော အချက်အလက်များ၊ ရှုမြင်သုံးသပ်ချက်များ၊ စျေးနှုံးများ၊ အရောင်း မြှင့်တင်ရေးများ၊ ဆာဗစ်စန်တာများ၊ အရောင်းဆိုင်များ နှင့် အထွေထွေ ဗဟုသုတရဖွယ် အကြောင်းအခြင်းရာများကို စီစဉ်တင်ဆက် ထားပါသည်။

အဖိုးတန် စျေးကြီးပေးဝယ်ယူရမည့် မိုဘိုင်းဖုန်းအား ဝယ်ယူခြင်းမပြုမီ အချက်အလက်များ၊ ရှုမြင်သုံးသပ်ချက်များ ကိုရှေးဦး ဖတ်မှတ်ပြီး ဝယ်ယူခြင်းဖြင့် ရောင်းမှား ဝယ်မှား ကိစ္စရပ်များကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

ရောင်းချသူများ အနေဖြင့်လည်း မိမိဆိုင်တွင် ရောင်းခြလျက်ရှိသော ဖုန်းများ၊ စျေးနှုံးများ၊ အထူးလက်ဆောင်များ၊ စျေးရောင်းအစီအစဉ်များကို ဝယ်ယူမည့်သူများ အစဉ်ပြေစေရန် ထားရှိသွားနိုင်မည် ဖြစ်ပါသည်။

လူကြီးမင်းတို့၏ ပိုပိုလိုလို အပေါ် အကြံပြုချက်များ၊ ရှုမြင်သုံးသပ်ချက်များ၊ စုံစမ်းလိုသည်များရှိပါက info@popololo.com သို့ အီးမေလ်းပေးပို့၍ သော်လည်းကောင်း Contact Us (ဆက်သွယ်ရန်) တွင် ဖြည့်သွင်းခြင်းဖြင့် လည်းကောင်း ပေးပို့နိုင်ပါသည်။

ပိုပိုလိုလို အားကောင်းသည်ထက် ကောင်းအောင် အထူးကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


-----------------------------------------------------------------------------------


ပိုပိုလိုလိုမှာ ဘာတွေလုပ်လို့ ရမလဲ

  • မိုလ်ဘိုင်းဖုန်း တစ်လုံးကို  တန်ဖိုးကြီးကြီးပေး၍ ဝယ်ယူရမည် ဖြစ်သည့်အတွက် မှားယွင်းဝယ်ယူခြင်း မပြုမိစေရန် ကြိုတင်၍ လေ့လာနိုင်ပါသည်။
  • ဝယ်ယူခြင်းမပြုမီ ဈေးနှုန်းများကို ကြိုတင် ကြည့်ရှုနိုင်မည်ဖြစ်သည်။
  • အရောင်းမြှင့်တင်ရေး  အစီအစဉ်များကိုလည်း လေ့လာနိုင်မည်ဖြစ်ပါသည်။
  • မိုလ်ဘိုင်းဖုန်းနှင့် ပက်သက်သော အသေးစိတ်အကြောင်းအရာများ၊ သတင်းများ၊ နည်းပညာများ၊ ဆောင်းပါးများကိုလည်းလေ့လာဖတ်ရှုနိုင်ပါသည်။
  • မိုလ်ဘိုင်းဖုန်းနှင့်ပက်သက်သော သုံးသပ်ချက်များ၊ ထင်မြင်ချက်များကိုလည်း ဝယ်ယူခြင်းမပြုမီ ကြိုတင် ဖတ်ရှုနိုင်ပါသည်။
  • ရောက်ရှိရာ အနီးအနားရှိ အရောင်းဆိုင်များကို အလွယ်တကူ ရှာဖွေနိုင်ပါသည်။
-------------------------------------------------------------------------------------

စီးပွားရေး လုပ်ငန်းတွေ အတွက်

  • မိုလ်ဘိုင်းဖုန်းနှင့် ပတ်သက်သော လုပ်ငန်းများ  ရှာဖွေရာတွင် မိမိ၏လုပ်ငန်းကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်စေရန် စာရင်း သွင်း ထားရှိနိုင်ပါသည်။ 
  • မိမိ၏ဆိုင်တွင် ရောင်းချလျက်ရှိသော ဖုန်းများ၏ ဈေးနှုန်းများ အရောင်းမြှင့်တင်ရေး အစီအစဉ်များကို ကြေငြာနိုင်ပါသည်။
  • မိမိ၏ မိုလ်ဘိုင်းဖုန်းနှင့် ပတ်သက်သော လုပ်ငန်းများကို အများပြည်သူတို့ သိရှိနိုင်ရန် မိတ်ဆက်ခြင်း၊ ထုတ်ကုန်ပစ္စည်း မိတ်ဆက်ခြင်းများကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။
  • လုပ်ငန်းများ ရှာဖွေရာတွင် မိမိ၏လုပ်ငန်း ပါဝင်စေရန် စာရင်းပေးသွင်းခြင်းမှာ အခမဲ့ဖြစ်ပါသည်။
  • ပိုမိုထိရောက်သော  ဝန်ဆောင်မှုများအား  ၁၂ လ တာ အခမဲ့ အသုံးပြုနိုင်ရန် ယခုဘဲ စာရင်းပေးသွင်းခြင်းဖြင့် အရောင်းမြှင့်တင် နိုင်ပါသည်။

-------------------------------------------------------------------------------------

ဝန်ဆောင်ခနှုန်းထားများ

လုပ်ငန်းများ ရှာဖွေရာတွင် ပါဝင်စေရန် စာရင်းသွင်းခြင်း - အခမဲ့


အခြားသော ဝန်ဆောင်မှုများကို အသုံးပြုခြင်း

တစ်လချင်း ပေးသွင်းခြင်း - တစ်လ ၁၇ဝဝဝ ကျပ်
 လ တစ်ကြိမ် ပေးသွင်းခြင်း - တစ်လ ၁၅ဝဝဝ ကျပ်
၁၂ လတစ်ကြိမ် ပေးသွင်းခြင်း - တစ်လ ၁၂ဝဝဝ ကျပ်