Honor 7C

မြန်မာနိုင်ငံတွင်း 2018 ဇွန်လအတွင်းရောက်ရှိလာတဲ့ Honor 7C စမတ်ဖုန်းကတော့ Budget တန်းမှာ ရွေးချယ်စရာအချက်တွေ ပိုင်ဆိုင်ထားပါတယ်။ မြန်မာငွေ ၂ သိန်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် ဒီ Honor 7C မှာဆိုရင် ကောင်းမွန်တဲ့ Display Panel ၊ Light Multi-tasking နဲ့ Social Media Apps အသုံးပြုဖို့ ပြည့်စုံတဲ့ စွမ်းဆောင်ရည်တွေပိုင်ဆိုင်ထားပါတယ်။ နောက်ပြီး ကင်မရာပိုင်းမှာဆိုရင်လည်း Budget Level အတွက် ပြည့်စုံတဲ့အနေထားရှိပြီး Honor 7C မှာ ဘယ်လိုအားသာချက်၊ အားနည်းချက် ရှိနေဦးမလဲဆိုတာ လေ့လာကြည့်ရအောင်။


Design & Display

ပထမဆုံး ဖုန်းဒီဇိုင်းပိုင်းနဲ့ ပတ်သက်လို့ အထင်ကြီးစရာပြောရမယ်ဆိုရင် အရှေ့၊ အနောက် ဖန်သားကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး ဘေးဘောင်တွေကို Aluminum သားနဲ့ ဖွဲ့စည်းပေးထားပါတယ်။ ဒါကြောင့် ၃ သိန်းနားကပ်နေတဲ့ Mi A2 Lite ရဲ့ ပလတ်စတစ်ကိုယ်ထည်ထက် ပိုသာပြီး Weight အနေနဲ့လည်း 164g အလေးချိန်ပဲရှိပါတယ်။ မိုဘိုင်းကွန်ယက်အတွက် 4G/LTE စနစ်ပါဝင်ပြီး Nano Dual SIM/Dual Standby ထောက်ပံ့ထားပါတယ်။

Display ပိုင်းမှာဆိုရင်လည်း IPS Panel အသုံးပြုပေးထားပြီး 5.99” အရွယ်စားရှိ LCD Screen ကို 720 x 1440 Resolution နဲ့ ပုံဖော်ထားပါတယ်။ ဒီအနေထားက 6” လောက်ရှိတဲ့ ဖုန်းတစ်လုံးအတွက် အားမရစရာဆိုပေမယ့် Budget လည်းဖြစ်နေတယ်၊ 269 ppi ရှိနေတဲ့အတွက် အသင့်တင့်ကောင်းမွန်တဲ့ Display ပိုင်ဆိုင်ထားတယ်လို့ ပြောနိုင်ပါတယ်။


Performance & OS

စမတ်ဖုန်း စွမ်းဆောင်ရည်ပိုင်းမှာတော့ Power Efficient Core တွေချည်းအသုံးပြုထားတဲ့ Snapdragon 450 Processor နဲ့ မောင်းနှင်ထားပါတယ်။ မြန်နှုန်းအနေနဲ့ 1.8GHz Speed ရှိမှာဖြစ်ပြီး Core ၈ လုံးပါဝင်ပါတယ်။ RAM အနေနဲ့ 3GB ဒါမှမဟုတ် 4GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး ဒီအနေထားတိုင်းဆိုရင် Honor 7C စမတ်ဖုန်းဟာ အင်တာနက်သုံးရင်း ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာ၊ Documents Edit လုပ်တာမျိုးအတွက် လုံလောက်မှုရှိပြီး ပေါ့ပေါ့ပါးပါးဂိမ်းကစားဖို့ OK တယ်လို့ ပြောနိုင်ပါတယ်။

Adreno 506 GPU အသုံးပြုထားပေမယ့်လို့ SD 450 ကြောင့် Heavy Games တွေကစားနိုင်မယ့်ခွန်အားမရှိပါဘူး။ Storage မလုံလောက်သူတွေ SD Card Slot ကနေ ထပ်တိုး အသုံးပြုနိုင်မှာဖြစ်ပြီး 256GB အထိ ထောက်ပံ့ပေးထားပါတယ်။ စမတ်ဖုန်း OS ပိုင်းမှာဆိုရင် Android Oreo နဲ့ ပွဲထွက်ထားပြီး EMUI 8.0 နဲ့ ပေါင်းစပ်ထားပါတယ်။


Camera 

ဖုန်းကင်မရာပိုင်းမှာဆိုရင် f/2.2 ရှိ 13MP Main Camera ကို f/2.2 ရှိ 5MP Depth Sensor နဲ့ တွဲဖက်ပေးထားပါတယ်။ ဒီလို ၂ သိန်းတန်ဖုန်းတစ်လုံးအတွက် Dual Camera ပါဝင်သလို အပျော်တမ်း ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးနိုင်တဲ့အတွက် Budget တန်းမှာရွေးချယ်စရာဖုန်းတစ်လုံးအဖြစ် ရပ်တည်နေပါတယ်။ နောက်ကင်မရာနဲ့ ဗီဒီယိုရိုက်ကူးဖို့ 1080p ကို 30fps နှုန်းအသုံးပြုနိုင်မှာဖြစ်ပြီး HDR နဲ့ Panorama လုပ်ဆောင်ချက်တွေလည်းပါဝင်မှာဖြစ်ပါတယ်။
ရှေ့ Selfie အတွက်ဆိုရင်လည်း f/2.0 ရှိ 8MP ကင်မရာသုံးပေးထားပြီး LED Flash အထောက်ပံ့ပါဝင်ပါတယ်။ ဗီဒီယိုပိုင်းအတွက် သာမန်ပဲအသုံးပြုနိုင်ဖြစ်ပြီး တခြားနည်းပညာတွေ ပါဝင်ထားခြင်းမရှိပါဘူး။


Security

စမတ်ဖုန်း Security အတွက် Fingerprint Scanner ပါဝင်လာပြီး Budget Level မှာအခုလို အားသာချက်မပါဝင်လာတဲ့ တချို့စမတ်ဖုန်းတွေနဲ့ယှဉ်ရင် Honor 7C က ဆွဲဆောင်မှုရှိစေပါတယ်။ Display ထဲမှာ Notch မပါဝင်သလို ၂ သိန်းဝန်းကျင်ကျသင့်မယ့် ဖုန်းတစ်လုံးအတွက် 3,000 mAh Battery ထည့်သွင်းပေးတာက လုံလောက်မှုရှိတယ်လို့ ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုရင် Honor 7C Components အားလုံးဟာ ပါဝါအစားနည်းသလို တစ်နေ့တာ အင်တာနက်သုံး၊ ရုပ်ရှင်ကြည့်တာမျိုးအတွက် လုံလောက်တယ်လို့ ပြောလို့ရတာပါ။ Fast Charging အထောက်ပံ့မပါဝင်ပေမယ့် microUSB 2.0 Connector နဲ့ အသုံးပြုနိုင်မယ်၊ Storage မလောက်ငှသူတွေအဖို့ SD Card Slot ကနေ အများဆုံး 256GB အထိတိုးချဲ့အသုံးပြုနိုင်မှာမလို့ Facebook ၊ Viber ၊ Instagram သုံးရင်း ပေါ့ပေါ့ပါးပါးဂိမ်းကစားလိုသူအတွက် ရွေးချယ်စရာ Budget စမတ်ဖုန်းလို့ပြောရင်းနိဂုံးချုပ်လိုက်ရပါတယ်။