Huawei Y5 Prime

မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်ထဲမှာ နောက်ထပ်ရွေးချယ်စရာ စမတ်ဖုန်းဖြစ်လာတာက Huawei Y5 Prime ပါပဲ။ ဒီမော်ဒယ်ဟာ Y6 Prime ရဲ့ တစ်ဝမ်းကွဲဖြစ်ပြီး MediaTek Processor နဲ့ ပွဲထွက်လာတာပါ။ တန်ဖိုးအားဖြင့် ၁ သိန်း ၄ သောင်းခန့်သာ ကျသင့်မှာဖြစ်ပြီး Snapdragon Processor သုံးထားတဲ့ Y6 Prime ထက် ၂ သောင်းသက်သာပါတယ်။ ဒီလိုသက်သာသွားလို့ အရည်သွေးမကောင်းတဲ့ထဲ ပါမသွားဘဲ တစ်နေ့တာလုပ်ငန်းစဉ်အတွက် ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်မယ့် စွမ်းဆောင်ရည်ပိုင်ဆိုင်ထားပါတယ်။ ဆိုတော့ တန်ဖိုးနည်း စမတ်ဖုန်းဖြစ်နေတဲ့ Y5 Prime ထူးခြားချက်တွေ ဆက်ပြီးလေ့လာကြည့်ရအောင်။



Design & Display

စမတ်ဖုန်း ဒီဇိုင်းပိုင်းပြောရရင် တွေ့ဖူးနေကျ Huawei မော်ဒယ်ဟောင်းတွေနဲ့ အတူတူပါပဲ။ ပလတ်စတစ်ကိုယ်ထည်သားနဲ့ ပြုလုပ်ထားပြီး Dual SIM Support ပါဝင်ပါတယ်။ အလေးချိန်အနေနဲ့ 142g ပဲရှိတာမလို့ 165g ရှိတဲ့ Y6 Prime ထက် ပိုပေါ့တယ်ဆိုရမှာပါ။ 

Display ပိုင်းမှာဆိုရင် 5.45” အရွယ်စားရှိ LCD Panel အသုံးပြုထားပြီး Resolution အနေနဲ့ 720 x 1440 ရှိပါတယ်။ Y6 Prime နဲ့ ယှဉ်ရင်တော့ Display Size ပါ ပိုသေးသွားပြီး သုံးထားတဲ့ Panel က IPS အမျိုးစားဖြစ်သွားလို့ Y5 Prime ထက် ပိုသာတယ်ဆိုရမှာပါ။ ဒါပေမယ့်လို့ ၁ သိန်းခွဲမရှိတဲ့ စမတ်ဖုန်းတစ်လုံးအတွက် ပါဝင်တဲ့ Resolution နဲ့ Display Panel က ပြည့်စုံတယ်လို့ ပြောရမှာပါ။


Performance & OS

စွမ်းဆောင်ရည်ပိုင်းမှာဆိုရင် MediaTek MT6739 Processor သုံးထားပြီး 1.5GHz မြန်နှုန်းရှိပါတယ် ဒီ MediaTek Processor မှာ Cortex A53 ၄ လုံးပါဝင်မှာဖြစ်ပြီး Y6 Prime နဲ့ ယှဉ်ရင် စွမ်းဆောင်ရည်ပိုင်း ကွာခြားမှုတော့ရှိနိုင်ပါတယ်။ ဒါပေမယ့် တစ်နေ့တာလုပ်ငန်းစဉ်အသုံးပြုဖို့ လုံလောက်ပြီး Heavy Game တွေနဲ့ Application အသုံးပြုနိုင်မှာတော့ မဟုတ်ပါဘူး။ 

ထည့်သွင်းထားတဲ့ RAM က 2GB ပဲရှိတာမလို့ ပေါ့ပေါ့ပါးပါး Multi-tasking အတွက်ပဲ လုံလောက်မှုရှိတယ်ဆိုတဲ့ သဘောလို့ပြောချင်တာပါ။ Storage ပိုင်းအတွက် 16GB ထည့်သွင်းပေးထားပြီး လိုအပ်ရင်လိုအပ်သလို microSD Slot နဲ့ အများဆုံး 256GB အထိ တိုးချဲ့အသုံးပြုနိုင်ပါမယ်။ Graphics ပိုင်းကိုတော့ PowerVR GE8100 GPU သုံးထားပေမယ့် Light Weight Game တွေကိုပဲ ဆော့ကစားနိုင်ပါမယ်။ OS ပိုင်းမှာဆိုရင် Android Oreo နဲ့မောင်းနှင်ပေးထားပြီး EMUI 8.0 နဲ့ တွဲဖက်ပေးထားပါတယ်။


Camera

စမတ်ဖုန်း ကင်မရာပိုင်းအတွက် f/2.0 ရှိ 13MP Camera တစ်လုံးပဲအသုံးပြုထားပြီး HDR နဲ့ 1080p ဗီဒီယိုရိုက်ကူးနိုင်ပါမယ်။ ဒိအတွက် Dual-LED ၊ Dual-tone Flash နဲ့ ထောက်ပံ့ထားပြီး ရှေ့ကင်မရာအတွက် 5MP ကင်မရာ သုံးပေးထားပါတယ်။ ဒီရှေ့ကင်မရာကိုတော့ သာမန် Video Call အတွက်ပဲ အသုံးပြုနိုင်မှာပါ။ 


Security & Conclusiton 

Y5 Prime စမတ်ဖုန်းမှာလည်း Fingerprint Scanner ပါဝင်လာခြင်းမရှိဘဲ သာမန် Pin ၊ Password စတာတွေနဲ့ပဲ Security အသုံးပြုနိုင်မှာပါ။ Connectivity ပိုင်းအတွက် Loudspeaker ၊ Audio Jack နဲ့ micro-USB 2.0 စနစ်ပါရှိပါမယ်။ စမတ်ဖုန်းရဲ့ ပါဝါအစားနည်း Component တွေအတွက် 3020 mAh Battery ထည့်သွင်းထားလို့ တစ်နေ့တာအတွက် အေးအေးလူးလူး အသုံးပြုနိုင်မှာပါ။ Y5 Prime စမတ်ဖုန်းကို ခြုံငုံကြည့်မယ်ဆိုရင် ပေးရတဲ့ငွေကြေးနဲ့ သင့်တင့်တဲ့ စွမ်းဆောင်ရည်ပိုင်ဆိုင်ထားတာဖြစ်ပြီး Fingerprint မပါဝင်တာလေးက မကျေနပ်စရာရှိပါတယ်။ ဒါပေမယ့်လို့ Facebook ၊ Messenger နဲ့ Instagram လို Social App မျိုး အစဉ်ပြေပြေသုံးနိုင်ယ်၊ အပျော်တမ်း ဓာတ်ပုံ၊ ဗီဒီယိုတွေကို 3020 mAh Battery နဲ့ အချိန်ကြာကြာ ရိုက်ကူးအသုံးပြုနိုင်မယ်၊ ရုပ်ရှင်၊ တေးသီချင်း ကြာကြာခံစား နားဆင်နိုင်မယ် စတဲ့ အားသာချက်လေးတွေတော့ ပိုင်ဆိုင်ထားပါတယ်။