Huawei Y7

မြန်မာငွေ ၂ သိန်းဝန်းကျင် ကျသင့်မယ့် Huawei Y7 စမတ်ဖုန်းလေးကတော့ Budget တန်းမှာ စိတ်ဝင်စားစရာ အရည်သွေးမျိုးပိုင်ဆိုင်ထားပါတယ်။ 2017 ဇူလိုင်လကတည်းက ထွက်ရှိထားပေမယ့်လို့ Facebook ၊ Viber နဲ့ Instagram လို Social App မျိုးပေါ့ပေါ့ပါးပါး သုံးနိုင်မယ်၊ ဂိမ်းကစားဖို့ အသင့်တင့်စွမ်းဆောင်ရည်ရှိသေးတဲ့အတွက် တန်ဖိုးနည်းစမတ်ဖုန်းထဲမှာ ရွေးချယ်စရာအဖြစ်ရပ်တည်နေပါသေးတယ်။ ဒီဇိုင်းပိုင်းနဲ့ ကင်မရာပိုင်းတွေမှာဆိုရင်လည်း Budget Level အတွက် ပြည့်စုံတဲ့အနေထားရှိပြီး 4,000 mAh Battery သုံးပေးထားတဲ့အတွက် တစ်နေ့တာအသုံးပြုဖို့ ဘက်ထရီအား အလုံလောက်ရှိတယ်ဆိုရမှာပါ။ ဒါဆိုရင် ၂ သိန်းတန် Budget ဖုန်းတစ်လုံးမှာ ဘယ်လိုအရည်သွေးပိုင်ဆိုင်ထားသေးလဲ ဆိုတာလေ့လာကြည့်ရအောင်။


Design & Display

စမတ်ဖုန်း ဒီဇိုင်းပိုင်းသုံးသပ်ရမယ်ဆိုရင် အရှေ့ဖက် ဖန်သားကိုယ်ထည်ကို ကျောဖက် သတ္ထုကိုယ်ထည်နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတယ်။ Display ပိုင်းမှာဆိုရင် 2017 နှစ်လယ်ပိုင်းမော်ဒယ်ဖြစ်တဲ့အတွက် Notch မပါ HD Resolution သုံးထားတယ်။ ဒိအတွက်ကြောင့် Huawei Y7 ဟာ Budget Phone ဖြစ်လင့်ကစား ကောင်းမွန်တဲ့ ဒီဇိုင်းအရည်သွေးနဲ့ Display ပိုင်ဆိုင်ထားတယ် ဆိုရမှာပါ။ 163g အလေးချိန်ရှိပြီး SIM Card ၂ မျိုးထည့်သုံးနိုင်မယ့် Y7 က 5.5” အရွယ်စားရှိ IPS LCD Panel ထည့်သွင်းထားပြီး Resolution အနေနဲ့ 1280 x 720 pixel ရှိပါတယ်။ ၅ လက်မခွဲ စမတ်ဖုန်းအတွက် ရိုးရိုး HD Resolution သုံးထားတာ အားမရစရာဖြစ်စေပေမယ့် Budget Level အတွက်တော့ သင့်တော်တယ်လို့ ပြောရမှာပါ။


OS & Performance

စွမ်းဆောင်ရည်ပိုင်း ပြောရမယ်ဆိုရင် Qualcomm Snapdragon 450 Processor သုံးထားပြီး 1.4GHz မြန်နှုန်းရှိ Octa-core အမျိုးစားပါ။ Power Efficient A53 Core တမျိုးပဲသုံးထားတဲ့အတွက် Y7 ဟာ 4K Content ကိုင်တွယ်နိုင်ခြင်းမရှိပါဘူး၊ ဒီလိုပဲ Heavy Duty ဂိမ်းတွေဖြစ်တဲ့ Asphalt 9 ၊ PUBG Mobile ကောင်းကောင်း Run နိုင်မှာမဟုတ်ပါဘူး။ Adreno 505 GPU က ဂိမ်းကစားဖို့ လုံလောက်မှုရှိပေမယ့် သာမန်ထက် စွမ်းဆောင်ရည်မပိုတဲ့ Processor ကြောင့် အထစ်ငေါ့၊ Frame Rate ကျသွားတာမျိုးဖြစ်နိုင်ပါတယ်။

ဒီလို ပါဝါအစားနည်းသွားတဲ့ Component တွေကြောင့်လည်း Battery Drain နည်းသွားသလို HD ပဲရှိတဲ့ Resolution ပဲရှိတဲ့ Screen ကြောင့် ဘက်ထရီသက်တမ်း ကြာကြာဆွဲဆန့်ထားနိုင်ဦးမှာပါ။ RAM 2GB ပဲရှိတဲ့အတွက် ဖုန်းဝန်ပိစေမယ့် Multi-tasking မျိုးရှောင်ရှားသင့်ပါတယ်။ နောက်ပြီး Storage 16GB ပဲ ထည့်သွင်းထားတဲ့အတွက် လိုအပ်ရင်လိုအပ်သလို microSD Slot ကနေ အများဆုံး 256GB အထိ ထပ်တိုးအသုံးပြုနိုင်ပါဦးမယ်။ OS ပိုင်းနဲ့ ပတ်သက်လို့ဆိုရင် Android 7 Noguat ပဲ အသုံးပြုလို့ရနိုင်သေးပြီး Android 9 Pie အထိ တင်လို့ရမယ်လို့ ခန့်မှန်းရပါတယ်။ နောက်ပြီး Android 7 OS ကိုပဲ EMUI 5.0 နဲ့ တွဲဖက်ထားသေးလို့ ပိုပြီး အစဉ်ပြေပြေ အသုံးပြုနိုင်ပါဦးမယ်။


Camera

စမတ်ဖုန်း ကင်မရာစွမ်းဆောင်ရည်ပိုင်းအတွက် 12MP Single Camera တစ်လုံးထဲသုံးထားပြီး Aperture 2.2 နဲ့ 1.25µm ရှိပါတယ်။ ဆိုတော့ Low Light အတွက်ပဲ အားနည်းချက်ရှိပြီး 12MP Sensor ကြောင့် အပျော်တမ်း ဓာတ်ပုံကောင်းကောင်းရိုက်ကူးနိုင်ဦးမှာပါ။ ရှေ့Selfie အတွက် 8MP Camera တစ်လုံးပဲသုံးထားပြီး f/2.0 ရှိပါတယ်၊ 2017 မော်ဒယ်ဖြစ်နေတဲ့အတွက် A.I အထူးပြုလုပ်ချက် ပါဝင်မှုမရှိဘဲ သာမန်အရည်သွေးရုပ်ပုံ၊ ဗီဒီယိုကိုပဲ ရိုက်ကူးနိုင်မှာပါ။ Snapdragon 450 processor သုံးထားတော့ Full HD ဗီဒီယိုကို 60fps နှုန်းရိုက်ကူးနိုင်ခြင်းမရှိတဲ့အတွက် 30fps နဲ့ပဲကျေနပ်ရမှာပါ။


Security & Conclusion

Huawei Y7 မှာ Fingerprint Security ပါဝင်ခြင်းမရှိပါဘူး။ သာမန် Pattern ၊ Pin အဆင့်လောက်နဲ့ပဲ Secure လုပ်ထားနိုင်မယ့်အချက်က တခြားမော်ဒယ်တွေနဲ့ယှဉ်လိုက်ရင် Date Out စေတယ်လို့ ခံစားရနိုင်ပါတယ်။ 4,000 mAh Battery သုံးထားတယ်ဆိုမယ့် ပါဝါအစားနည်းတဲ့ Component တွေအတွက် လိုတာထက် ပိုသယောင်ရှိနေစေပါတယ်။ ဒါပေမယ့် ဘက်ထရီကြာကြာအသုံးပြုချင်သူတွေ နှစ်သက်သဘောကျနိုင်ပြီး microUSB 2.0 Connector ၊ Audio Jack ၊ Loud Speaker ပါဝင်တဲ့အတွက် Multimedia အတွက်ကောင်းမွန်တဲ့ ဖုန်းတလုံးလို့ သုံးသပ်ရမှာပါ။