Meizu M16

မြန်မာငွေ ၆ သိန်းခန့်ကျသင့်မယ့် ဒီ Meizu M16 စမတ်ဖုန်းကိုတော့ Flagship Killer လို့ တင်စားရင် ပိုပြည့်စုံမယ်ထင်ပါတယ်။ ပေးရတဲ့ဈေးနှုန်းဝန်းကျင်နဲ့ ရရှိတဲ့ စမတ်ဖုန်းစွမ်းဆောင်ရည်က Mid-range Level ထက် ပိုပြည့်စုံနေတာမလို့ 2018 နှစ်လယ်ပိုင်းက ထွက်ရှိလာတဲ့ M16 စမတ်ဖုန်းလေးက လူအများစိတ်ဝင်စားမှုရရှိထားပါတယ်။ နောက်ပြီး Premium Feature သစ်တွေ ပါဝင်သလို အရည်သွေးမြင့် ကင်မရာနဲ့ တခြားနည်းပညာတွေ ပေါင်းစပ်မှုကြောင့် Meizu M16 ဟာ သယ်ရပေါ့ပေါ့ပါးပါးရှိနေတယ်၊ ကောင်းမွန်တဲ့ Display လည်းပါဝင်သေးလို့ အားသာချက်၊ အားနည်းချက်လေးတွေကို လေ့လာကြည့်ရအောင်။


Design & Display

Meizu M16 စမတ်ဖုန်း အသွင်ပြင်ကို ရုတ်တရက်လှမ်းမြင်လိုက်တာနဲ့ Galaxy S8 ၊ S9 လားလို့ အထင်မှားသွားနိုင်ပါတယ်။ Notch မပါ၊ Full View Display ဒီဇိုင်းနဲ့ ပုံဖော်ထားပြီး ပလတ်စတစ်ကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့ M16 ဖုန်းလေးဟာ အတော်သင့် အရွယ်စားကြီးလင့်ကစား 152g အလေးချိန်ပဲရှိနေတယ်။ ဒါကြောင့် တခြားဖုန်းတွေထက် ပိုပြီးပေါ့ပေါ့ပါးပါးရှိနေသလို ဆွဲဆောင်မှုလည်းရှိတဲ့အတွက် ရွေးချယ်ချင်စရာစမတ်ဖုန်းအဖြစ်လည်း ရပ်တည်နေပါတယ်။



ဒီလို အဌာကျ၊ ကောင်းမွန်နေတာကိုမှ sAMOLED သုံးပေးထားပြီး 6” အရွယ်စားရှိပုံဖော်မျက်နှာပြင်ကို Full HD+ Resolution (1080 x 2160) ထောက်ပံ့ထားပါတယ်။ Notch အတွက်နေရာမပေးဘဲ အပေါ်၊ အောက်ဘောင်တွေ အပြည့်နေရာယူထားလိုက်တဲ့အတွက် တချို့ (Vivo V11 ၊ OPPO F9) စမတ်ဖုန်းတွေထက် Screen-to-body Ratio ပိုနည်းနေမှာပါ။ နောက်ပြီး HDR အထောက်ပံ့မပါဝင်သလို ဘယ် Colour Format တစ်ခုကိုမှ Support ပေးထားတာမတွေ့ရပါဘူး။


Performance & OS

စွမ်းဆောင်ရည်ပိုင်းမှာဆိုရင်တော့ Snapdragon 845 Processor အသုံးပြုပေးထားပြီး 2.8GHz မြန်နှုန်းရှိ Kyro 385 Gold ၄ လုံးနဲ့ 1.7GHz မြန်နှုန်းရှိ Kyro 385 Silver ၄ လုံး ပါဝင်ပါတယ်။ ဒီလို High-end Processor နဲ့တွဲဖက်ဖို့ 6GB ဒါမှမဟုတ် 8GB RAM အသုံးပြုနိုင်ပြီး Storage အနေနဲ့လည်း 64GB or 128GB ရွေးချယ်နိုင်ပါမယ်။ အခုလို Specification တွေကြောင့် ပေးရတဲ့ဈေးနဲ့ထိုက်တန်တယ်လို့ပြောနိုင်ပြီး Android 8.1 (Oreo) နဲ့ မောင်းနှင်ထားပါတယ်။ ထုံးစံအတိုင်း Meizu ရဲ့ ကိုယ်ပိုင် Flyme UI ပါရှိဦးမှာပါ။



Camera

စမတ်ဖုန်း ကင်မရာပိုင်းနဲ့ပတ်သက်လို့ ပြောရဦးမယ်ဆိုရင် Meziu M16 ဟာ Samsung High-end Phone တွေမှာ တွေ့ရတဲ့ ကင်မရာ အရည်သွေးနဲ့ Feature တချို့ အသုံးပြုထားပါတယ်။ ဆိုလိုတာ f/1.8 ရှိ 12MP ကင်မရာထဲမှာ Dual Pixel နည်းပညာ၊ 4-axis OIS နဲ့ Laser AF စတဲ့ အားသာချက်တွေ ပါရှိပါတယ်။ ဒီ Primary Camera ကို f/2.0 ရှိ 20MP ကင်မရာနဲ့ အားဖြည့်ထားပြီး Dual-tone Flash အထောက်ပံ့ထည့်သွင်းထားတာ တွေ့ရမှာပါ။ ဗီဒီယိုပိုင်းမှာ HDR အပြင် 4K ကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်ပြီး Full HD အတွက် Slow-mo မရိုက်ကူးနိုင်ဘဲ သာမန် Mid-range ဖုန်းတွေလို 30 fps Speed နဲ့ပဲ ကျေနပ်လိုက်ရမှာပါ။ Selfie အတွက်ဆိုရင်လည်း f/2.0 ရှိ 20MP ကိုပဲ သုံးထားပြီး Face Time အတွက် 1080p ကို 30 fps နှုန်းနဲ့ ရိုက်ကူးနိုင်ပါမယ်၊ ဒါပေမယ့်လို့ HDR အထောက်ပံ့တော့ ပါဝင်မှာ မဟုတ်ပါဘူး။


Security ၊ Battery & Conclusion

စမတ်ဖုန်း Security ပိုင်းအတွက် In-display Fingerprint Reader သုံးထားလို့ လောလောလတ်လတ် ထွက်ရှိထားတဲ့ Vivo V11 ထက် ပိုသာတယ် ဆိုရမှာပါ။ စွမ်းဆောင်ရည်ပိုင်းမှာ အသာစီးရနေသလို Type-C 1.0 Connector ပါဝင်တယ်၊ အဲ့အတွက် ဒေတာအကူးပြောင်းအတွက် ပိုအစဉ်ပြေသွားသလို Fast Battery Charging အတွက် 24W ထောက်ပံ့ပေးနိုင်မယ့် mCharge 4.0 နည်းပညာပါဝင်ပါဦးမယ်။ အခုလို အားသာချက်တွေနဲ့ ပြည့်စုံနေတာကိုမှ 3,010 mAh Battery ပဲ သုံးထားတယ်ဆိုတော့ အားမရစရာလို့ပြောရမှာပါ။ ၆ သိန်းလောက်နဲ့ Flagship စမတ်ဖုန်းတစ်လုံးလို အသုံးပြုနိုင်မယ့် Meizu M16 က ပမာဏနည်းပါးတဲ့ ဘက်ထရီပါရှိပေမယ့်လို့ ကင်မရာလည်းကောင်း၊ စွမ်းဆောင်ရည်လည်းမြင့်ပြီး အသာစီးရနေတဲ့ Under Display FP Reader ကြောင့် ရွေးချယ်သင့်တဲ့ စမတ်ဖုန်းလို့ ပြောရင်ပိုပြည့်စုံမယ်ထင်ပါတယ်။