Selfie ဝါသနာရှင်တွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်စေမယ့် OPPO F5 Youth


OPPO ကနေ မိတ်ဆက်ထားလိုက်တဲ့ F5 Youth စမတ်ဖုန်းလေးဟာ မြန်မာငွေ ၃ သိန်းခန့် ကျသင့်မှာဖြစ်ပြီး Selfie အသားပေး Mid-Range ဖုန်းလို့ ပြောရင် မမှားပါဘူး။ စမတ်ဖုန်း အသွင်အပြင်ကို လေ့လာကြည့်မယ်ဆိုရင် Glass Body နဲ့ပြုလုပ်ထားတာ သတိထားမိနိုင်ပြီး Aluminum သတ္ထုကိုယ်ထည်နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာ မြင်တွေ့ရမှာပါ။ ဒီလို Glass Frame နဲ့ အားဖြည့်ထားတယ်ဆိုမယ့် အကြမ်းခံတယ်ဆိုတာထက် ဖုန်းအမြင် ပိုလှအောင် ဖန်တီးထားတယ် ပြောရင် မမှားပါဘူး။

Mobile Network အနေနဲ့ GSM 4G LTE Network ကိုထောက်ပံ့ပေးထားပါတယ်။ Dual SIM အမျိုးအစားဖြစ်ပေမယ့် SD Card ကိုအသုံးပြုမယ်ဆိုရင်တော့ SIM + SD Card ပုံစံအသုံးပြုရမှာဖြစ်ပါတယ်။

Display ပိုင်း ပြောရမယ်ဆိုရင် ပါဝါအစားနည်းတဲ့ LTPS (Low Temperature Poly Silicon) LCD Panel သုံးထားပါတယ်။ Screen အရွယ်စား ၆ လက်မရှိသလို FHD+ (1080 x 2160) Resolution 402 PPI ရှိပါမယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ Mediatek Helio P23 Processor သုံးထားတာကြောင့် သိပ်ပြီးအားမရပါဘူး။ ဒါပေမယ့်လည်း Mid-range တန်းမှာ သင့်တင့်တဲ့ စွမ်းဆောင်ရည်ကိုပိုင်ဆိုင်ထားပါတယ်။ 3GB RAM ၊ 32 GB Storage နဲ့ အားဖြည့်ထားကြောင့် Daily Use ကနေ ဂိမ်းကစားတာ၊ ရုပ်ရှင်ကြည့်တာနဲ့ အလတ်စား Multi-tasking တွေကို ပြဿနာမရှိဘဲ ချောချောမွေ့မွေ့နဲ့ အသုံးပြုနိုင်မှာပါ။ Storage ကိုတိုးချဲ့အသုံးပြုချင်တယ်ဆိုရင်တော့ Micro SD Card ကို 256 GB အထိ ထည့်သွင်းအသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ ဘက်ထရီကိုလည်း 3200 mAh သုံးပေးထားတာဆိုတော့ ဓာတ်ပုံဝါသနာအိုးတွေ နဲ့ ဂိမ်မာတွေအတွက် အံကိုက်ပါပဲ။

ဒီ F5 Youth က Selfie အသားပေး စမတ်ဖုန်းဖြစ်တာနဲ့အညီ f/2.0 ရှိတဲ့ 16MP ရှေ့ကင်မရာကို Selife အတွက် သီးသန့် အသုံးပြုပေးထားပါတယ်၊ ကျောဘက်မှာတော့ f/2.2 ရှိ 13MP ကင်မရာ သုံးထားတာဆိုတော့ ကင်မရာနှစ်လုံး Specification ချင်းယှဉ်ကြည့်လိုက်ရင် ရှေ့ကင်မရာက ပိုကောင်းနေမှာပါ။ Aperture လည်းနည်းတယ်ပါတယ်၊ ဒီနေရာမှာ F5 Youth အားသာချက် ဖြစ်လာတာက A.I နည်းပညာနဲ့ ပုံရိပ်တွေ ကို အကောင်းဆုံး အနေထားရောက်တဲ့အထိ Adjust ပြန်လုပ်ပေးတာကြောင့် Selfie ပုံရိပ်တွေကို ပိုလှပအောင်ရိုက်ကူးနိုင်မှာပါ။ P23 Processor ကြောင့် Full HD ဗီဒီယိုကို 30fps နဲ့ ပဲရိုက်ကူးနိုင်မယ်ဆိုပေမယ့် Mid-range ဖုန်းတစ်လုံးအတွက် သင့်တင့်တဲ့ ကင်မရာ အရည်သွေးပိုင်ဆိုင်နေပါသေးတယ်။

ဒါကြောင့် F5 Youth ဟာ ပြိုင်ဘက် Huawei Nova 2 Lite နဲ့ Samsung Galaxy J4 တို့ထက် ကင်မရာပိုင်းမှာ ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေပါဝင်နေပါတယ်။ ပေးရတဲ့ ၃ သိန်းဆိုတာ ဈေးကြီးတယ် ထင်ရပေမယ့် ရုပ်ထွက်ကောင်းတယ်၊ Facebook ၊ Instagram စတဲ့ Application တွေ၊ ဂိမ်းတွေ အထစ်ငေါ့မရှိ ကစားနိုင်တယ်။ ဒါတွေထက် ပိုအားသာချက်ဖြစ်နေတာက ပိုကောင်းတဲ့ Camera အရည်သွေးကြောင့် Youth လို့ တင်စားထားတဲ့ OPPO ဖုန်းလေးဟာ Selfie ဝါသနာအိုးတွေ အတွက်ဆုံး အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခုဖြစ်လာမှာသေချာပါတယ်။ ရွေးချယ်နိုင်မယ့် အရောင်တွေကတော့ Gold နဲ့ Black ၂ မျိုးဖြစ်ပါတယ်။