Selfie ရိုက်ရတာဝါသနာပါပြီး စမတ်ဖုန်း Design လှလှ မိုက်မိုက်လေးတွေကိုမှ ကိုင်ချင်ပါတယ်လို့ဆိုသူတွေအတွက် အထူးသင့်တော်တဲ့ OPPO F7


ဒီတစ်ခေါက် POPOLOLO ရဲ့ Fans တွေကိုမိတ်ဆက်ပေးချင်တာကတော့ OPPO Fans တွေကြားမှာရေပန်းစား လူကြိုက်များနေတဲ့ OPPO ရဲ့ထုတ်ကုန်သစ် F7 အကြောင်းပဲဖြစ်ပါတယ်။ လူကြိုက်များရအောင် ဘယ်အချက်တွေက ကောင်းနေ လို့လည်း၊ တစ်ချက်ကြည့်လိုက်ရအောင်


Display

OPPO F7 ရဲ့လူကြိုက်များစေတဲ့အချက်က ကြီးမားကျယ်ပြန့်တဲ့ Display ကြောင့်လည်းပါပါတယ်။ 6.23 လက်မရှိတဲ့Full HD+ IPS Display ကိုလှပပြေပြစ်တဲ့ Notch နဲ့ပေါင်းစပ်ထားပြီး 19:9 Ratio ရအောင်ပြုလုပ်ပေးထားပါတယ်။ Corning Glass 5 ကို Screen Protection အဖြစ်ဖုံးအုပ်ပေးထားလို့ မတော်တဆ ထိခိုက်မှုတွေဖြစ်ရင်တောင် ဖုန်းမှန်ကွဲနိုင်ခြေနည်းပါတယ်။ ဖုန်းတစ်လုံးရဲ့ အလေးချိန်ကတော့ ၁၅၈ ဂရမ်ရှိပြီး လက်ထဲမှာကိုင်တဲ့အခါ စီစီးပိုင်ပိုင်လေးနဲ့ အတော်လေး ကိုင်လို့ကောင်းနေပါ သေးတယ်။


Network

Dual SIM ဖြစ်တဲ့အပြင် 4G Network ကိုလည်း Dual Standby လုပ်ပေးတာကြောင့် တစ်ချိန်တည်းမှာပဲ 4G ဒါမှမဟုတ် 3G SIM Card 2 ကဒ်လုံးကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် SIM Slot ကလည်း Dedicated Slot ဖြစ်တာကြောင့် SIM Card ၂ ကဒ်အပြင် Micro SD ကဒ်ပါ ၃မျိုးလုံးတစ်ချိန်တည်းအသုံးပြုနိုင်အောင်လုပ်ပေးထားပါတယ်။ (Storage မလောက်မှာ စိုးရိမ်ဖို့ မလိုတော့ဘူးပေါ့)


Platform OS

OPPO F7 မှာထည့်သွင်းပေးထားတဲ့ Android Version ကတော့ 8.1 Oreo ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အမြင့်ဆုံး OS Version က 9.0 ဆိုတော့ ဖုန်းမှာပါတဲ့ Android OS ဟာ Up to Date ဖြစ်တယ်လို့ပြောလို့ရပါတယ်။ OPPO ဖုန်းတွေရဲ့ ထုံးစံအတိုင်း Android OS ကို ၎င်းတို့ရဲ့ Customize ပြုလုပ်ထားတဲ့ ကိုယ်ပိုင် UI Color OS 5.0 နဲ့ပေါင်းစပ် ပေးထားတာကြောင့် ဖုန်းရဲ့စွမ်းဆောင်ရည်ဟာ ပြေပြစ်ချောမွေ့ပြီး အမြင်လည်း လှပနေပါတယ်။


Specification

OPPO F7 ရဲ့စွမ်းဆောင်ရည်ကိုပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးတာကတော့ Mediatek ရဲ့စွမ်းဆောင်ရည်မြင့် Helio P60 ပါပဲ။ Battery သုံးစွဲမှုလည်းသက်သာသလို F7 အတွက်ကိုက်ညီတဲ့ Performance ကိုလည်းပေးစွမ်းနိုင်ပါတယ်။ Battery ကလည်း 3400 mAh ပါဝင်တယ်ဆိုတော့ တစ်နေ့တာအသုံးပြုမှုအတွက်တော့ လုံးဝစိတ်တိုင်းကျဖြစ်စေမှာသေချာပါတယ်။ RAM နဲ့ Storage ကတော့ မြန်မာပြည်ကို ဝင်တဲ့အလုံးတွေအားလုံး 4GB/64GB Version ပဲရပါမယ်။


Camera

Camera ပိုင်းကတော့ F7 ကနည်းနည်း အားနည်းတယ်ပြောရမှာပါ။ Dual Camera Setup တွေဒီလောက် ဖုန်ထနေတဲ့ခေတ်ကြီးမှာ OPPO က F7 ကို Single Camera Setup နဲ့ တိုက်ပွဲဝင်ခိုင်းလိုက်ပါတယ်။ 16 MP ရှိတဲ့ Main Camera နဲ့ Selfie ကောင်းကောင်းရိုက်နိုင်ဖို့ဦးစားပေးထားတဲ့ 25 MP Selfie AI Camera တို့ပါဝင်ပါတယ်။ Dual Camera ပါဝင်ခြင်းမရှိပေမယ့် AI နဲ့ Background ဝါးအောင်လုပ်ပေးတဲ့နည်းပညာပါဝင်တာကြောင့် Dual Camera မဟုတ်တာကလွဲရင် ကျန်တာမဆိုးဘူးလို့ပဲပြောရမှာပါ။


Color

OPPO F7 ကိုရွေးချယ်နိုင်မယ့် အရောင်တွေကတော့ Solar Red, Diamond Black, Moonlight Silver ဆိုပြီးသုံးမျိုးရှိပါတယ်။ ထူးခြားချက်ကတော့ Color တစ်မျိုးစီတိုင်းရဲ့ Back Cover မှာ မတူညီတဲ့ Texture လေးတွေကို လှလှပပ ဖြစ်အောင်ထည့်သွင်း ပေးထားတာပါ။


Price
OPPO F7 ရဲ့ဈေးနှုန်းကတော့ မြန်မာငွေ ၃သိန်း ၈သောင်း ၉ထောင်ကျပ်နဲ့ဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။


POPOLOLO ရဲ့အမြင်

POPOLOLO ရဲ့သုံးသပ်မှုအမြင်ကိုပြောပါဆိုရင်တော့ အရင်ဆုံးအားသာချက်လေးတွေကိုပြောပြချင်ပါတယ်။ F7 ဟာ အသုံးပြုရတာ ပေါ့ပါးသွက်လက်မှုရှိပြီး Battery လည်းတော်တော်လေး အသုံးခံတာကိုတွေ့ရပါတယ်။ Notch ပါဝင်တယ် ဆိုပေမယ့် YouTube ကြည့်တဲ့အခါမျိုးနဲ့ ဂိမ်းဆော့တဲ့အခါမျိုးတွေမှာ Notch ကိုလုံးဝမပါတော့သယောင် ခံစားရစေတဲ့ Optimization စနစ်အတော်လေး ကောင်းမွန်အောင် လုပ်ထားတာတွေ့ရပါတယ်။

ဒါ့အပြင် Color OS ရဲ့ကိုယ်ပိုင် Gesture စနစ်ကိုလည်းထည့်သွင်းပေးထားတာကြောင့် ဖုန်းဟာ အသုံးပြုရတာပိုပြီး အဆင်ပြေ ချောမွေ့နေပါတယ်။ Dedicated SIM Card ဖြစ်လို့ SIM Card ၂ ကဒ်နဲ့ Micro SD ကဒ်ကို တစ်ချိန်တည်း အသုံးပြုလို့ ရတာကလည်း ဖုန်းကိုရွေးချယ်ဖို့ တွန်းအားပေး နေသလိုပါပဲ။ အားနည်းချက် အနေနဲ့ကတော့ Display Color ဟာလိုအပ်တာထက် ပိုနေတာကြောင့် ဓါတ်ပုံပြင်တဲ့ အခါမျိုးတွေမှာ ကာလာမမှန်တဲ့ပြဿနာမျိုးတွေကြုံရနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ Audio System ပါ။ OPPO F7 မှာပါဝင်တဲ့ Speaker က Mono Speaker ဖြစ်တာကြောင့် အသံထွက်အရမ်းကောင်းမှာမဟုတ်ပါဘူး။ Fast Charging စနစ်လည်းပါဝင်ခြင်းမရှိပါဘူး။ ဆိုတော့ OPPO F7 ဟာ တစ်နေ့တာ ဘက်စုံအသုံးပြုဖို့အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်နဲ့ Battery ပမာဏကိုတော့ ပိုင်ဆိုင်ထားပါတယ်။

OPPO F7 ကို Selfie ရိုက်ရတာဝါသနာပါပြီး စမတ်ဖုန်း Design လှလှ မိုက်မိုက်လေးတွေကိုမှ ကိုင်ချင် ပါတယ်လို့ ဆိုသူတွေအတွက် အထူးသင့်တော်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ကြောင်း အကြံပြုလိုက်ပါတယ် ခင်ဗျာ။