OPPO F7 လို စွမ်းဆောင်ရည်မြင့်ပြီး ဈေးပိုသက်သာတဲ့ OPPO F7 Youth Edition


OPPO မိတ်ဖက်ထားလိုက်တဲ့ F7 Youth စမတ်ဖုန်းလေးဟာ လူကြိုက်များနေတဲ့ Mid-ranger လေးပါ။ တန်ဖိုးအားဖြင့် မြန်မာငွေ ၂၇၉၀၀၀ ခန့်ကျသင့်မှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်လည်း အသင့်အတင့်ရှိမယ်၊ ကင်မရာရိုက်ဖို့အတွက်လည်း ကောင်းမွန်တာမျိုးဖြစ်ရမယ်ဆိုရင်တော့ F7 Youth က ရွေးချယ်သင်တဲ့စမတ်ဖုန်းကောင်းလေးပါ။ ပြိုင်ဖက် Vivo ၊ Xiaomi တို့ထက် ပိုသာနေရတဲ့ နောက်တချက်က Display ပိုကောင်းတယ်၊ Notch ပါတယ်ဆိုပေမယ့် ဘာလို့ F7 Youth ကို ဝယ်ယူဖို့စဉ်းစားသင့်သလဲဆိုတာ လေ့လာကြည့်ရအောင်။


Display & Design

ဒီဇိုင်းပိုင်းမှာတော့ F7 Youth က အထင်ကြီးစရာပါ။ အခုချိန် Android ဖုန်းတွေအကြား ရေပန်းစား၊ လူကြိုက်များလာတဲ့ Gradient Design သုံးထားတာမလို့ Mid-range စမတ်ဖုန်းတွေထဲ ခက်မိုက်မိုက်ဖုန်းတစ်လုံးဖြစ်နေတယ်ဆိုရင် မမှားပါဘူး။ ဖုန်းကိုယ်ထည်တစ်ခုလုံး ပလတ်စတစ်သားနဲ့ ပြုလုပ်ထားတယ် ဆိုပေမယ့် ကျစ်ကျစ်လျစ်လျစ်ရှိတယ်၊ Weight လည်းပေါ့တယ်၊ ဒါပေမယ့် 155g အလေးချိန် ရှိတယ်ဆိုတော့ 6” အရွယ်စမတ်ဖုန်း တလုံးအတွက် မဆိုစလောက်ကလေး လေးတယ်ပြောရမှာပါ။

Display ပိုင်းမှာဆိုရင် LTPS (Low Temperature Polysilicon) LCD Panel သုံးထားတာတွေ့ရပါတယ်။ ဒီ LCD Panel အမျိုးစားဟာ ပါဝါအစားသက်သာအောင် ဒီဇိုင်းဆွဲထားတာဖြစ်ပြီး Huawei စမတ်ဖုန်းတချို့မှာလည်း တွေ့ရတတ်ပါတယ်။ Resolution အနေနဲ့ 1080x2160 သုံးထားတာမလို့ 6” Screen အတွက် သင့်တင့်တဲ့အနေထားမှာ ရှိပါတယ်။ နောက်ပြီး OPPO Full View Display က 78 Screen-to-body Ratio ပဲရှိတာမလို့ ပြိုင်ဖက်တွေထက် Display Area ပိုနည်းတယ် ပြောရမှာပါ။


OS & Performance

ဒီ OPPO စမတ်ဖုန်းလေးက ဇွန်လလောက်မှာထွက်ရှိလာတာဖြစ်တဲ့အတွက် နောက်ဆုံးပေါ် Android 8.1 (Oreo) နဲ့ မောင်းနှင်ထားတာတွေ့ရပါတယ်၊ အခုချိန်ထိတော့ Pie Update တင်သုံးလို့မရသေးဘဲ OPPO ကိုယ်ပိုင် ColorOS 5.0 နဲ့ အားဖြည့် ပေးထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာဆိုရင် A.I ပိုင်းအဓိကထားထားတဲ့ MediaTek Heli P60 Processor အသုံးပြုထားတာတွေ့ရပါတယ်၊ ပြိုင်ဖက်တွေ Snapdragon Processor သုံးနေချိန် Helio သုံးထားတယ်ဆိုတော့ ထူးဆန်းနေတယ်ပြောရမယ်ပေါ့၊ တကယ်လည်းအထင်ကြီးစရာပါ။ ဘာလို့လဲဆိုရင် 12nm Process နဲ့ ထုတ်လုပ်ထားတဲ့ ဒီ MediaTek P60 ဟာ Multi-tasking လုပ်ဆောင်နိုင်ဖို့ Processor ဒီဇိုင်းကို ၂ မျိုးခွဲထုတ်ထားလို့ပါ။

အဲ့ဒါကဘာလဲဆိုရင် P60 မှာ A53 Cortex နဲ့ A73 Cortex ဆိုပြီး Quad Core Chip ၂ မျိုးပါပါမယ်၊ A53 ကတော့ Facebook ၊ Instagram နဲ့ YouTube ဗီဒီယိုကြည့်ရှုဖို့ စွမ်းဆောင်မှာဖြစ်ပြီး A73 Cortex ကတော့ 4K ဗီဒီယိုကြည့်တာ ဂိမ်းကစားတာမျိုးကိုင်တွယ်ပေးမယ့် Heavy-duty Quad Core Chip ပါ။ ဒီလို Function ၂ ခုခွဲလိုက်တဲ့အတွက် ပါဝါသုံးစွဲမှုကောင်းကောင်း ထိန်းချုပ်နိုင်မှာဖြစ်ပြီး OPPO အဆိုရ ဘက်ထရီသက်တမ်းလည်း ပိုကြာကြာအသုံးပြုနိုင်မှာပါ။

ဒီလို အထင်ကြီးစရာ Helio P60 ကို 4G RAM နဲ့ တွဲဖက်ပေးထားပြီး အချက်လက်သိုလှောင်ဖို့အတွက် 64GB Storage ထည့်သွင်း ပေးထားမှာဖြစ်ပါတယ်။


Camera

ကင်မရာပိုင်းပြောရမယ်ဆိုရင်တော့ F7 Youth မှာ ချွင်းချက်တချို့တော့ ရှိနိုင်ပါတယ်၊ အဲ့ဒါကဘာလဲဆိုရင် Main Camera နေရာမှာ f/2.2 ရှိတဲ့ 13MP ကင်မရာပြောင်းသုံးလိုက်တာမလို့ F7 ထက် ပိုအားနည်းသွားတယ် ဆိုရပါမယ်၊ Selfie အတွက်လည်း အလားတူ f/2.2 ရှိ 8MP ကင်မရာသုံးလိုက်တာမလို့ ကျန်တဲ့ Specification အားလုံးတူနေရင်တောင် F7 Youth မှာ ကင်မရာပိုင်း Weight လျှော့ထားတာ တွေ့ရမှာပါ၊ ဒါပေမယ့်လည်း ပေးရတဲ့တန်ဖိုးနဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်မှာမလို့ 13MP ကင်မရာပဲရှိနေဦးတော့၊ ဝါသနာအိုးတွေအတွက် သင့်တင့်တဲ့ အနေထားကို ပိုင်ဆိုင်ထားပါတယ်။


သုံးသပ်ချက်

ဒီ OPPO F7 Youth ဟာ တန်ဖိုးနည်း စမတ်ဖုန်းကောင်းဖြစ်ပေမယ့် သူ့ရဲ့ နည်းပါးတဲ့ Camera အရည်သွေးကြောင့် စိတ်ဝင်စားမှုနည်းပါးနိုင်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းဒီဇိုင်းနဲ့ အသွင်အပြင်က သာမန်ထက်ပိုလှသလို ပြိုင်ဖက်တွေထက် ပိုပြီးဆွဲဆောင် နိုင်တာမလို့ ပရိသတ်အာရုံကို အမြင်နဲ့ ဖမ်းစားထား နိုင်ပါသေးတယ်။

နောက်ပြီး 6” အရွယ်စားရှိတဲ့စမတ်ဖုန်းကိုမှ ကြီးမားတဲ့ 3410 mAh Battery သုံးပေးထားတာမလို့ Helio P60 Processor ပါဝါသုံးစွဲမှုနဲ့တွဲဖက်ပေးလိုက်ရင် သာမန်ထပ် ပိုကြာကြာအသုံးခံမယ်လို့ ခန့်မှန်းရပါတယ်။ ရွေးချယ်နိုင်မယ့် ကာလာတွေကတော့ Solar Red, Diamond Black ပဲဖြစ်ပါတယ်။