Redmi Note 5A (သို့) ရွေးချယ်စရာအကောင်းဆုံး တန်ဖိုးနည်း စမတ်ဖုန်း


POPOLOLO ရဲ့Fans တွေအတွက် ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ မြန်မာငွေ တစ်သိန်းခွဲအောက်သာကျသင့်ပြီး ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့အရည်အသွေးစံနှုန်း ကိုက်ညီမှုရှိတယ်လို့ပြောကြတဲ့ Xiaomi ရဲ့ Redmi Note 5A စမတ်ဖုန်း အကြောင်းပဲဖြစ်ပါတယ်။ Redmi Note 5A ကိုပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတုန်းကမိတ်ဆက်ခဲ့တာဖြစ်ပြီး India နိုင်ငံမှာတော့ Redmi Y1 လို့လူသိများပါတယ်။ Selfie ဦးစားပေးစမတ်ဖုန်းဖြစ်တဲ့အတွက် ကင်မရာ မကောင်းမှာလည်း မပူရပါဘူး။ Dual SIM အမျိုးအစားဖြစ်ပြီး GSM 4G LTE Network ကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Specification အရကြည့်မယ်ဆိုရင် Redmi Note 5A မှာ မျက်နှာပြင်အကျယ် ၅.၅ လက်မရှိ HD+ IPS Screen Panel ကိုအသုံးပြုပြီး မတော်တဆပြုတ်ကျတဲ့ အခါမျိုးမှာ အလွယ်တစ်ကူမကွဲနိုင်အောင်လို့ Corning Gorilla Glass 3 နဲ့မျက်နှာပြင်ကိုကာကွယ်ပေးထားပါတယ်။


Performance

ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် Battery သုံးစွဲမှုနည်းပါးတဲ့ Qualcomm Snapdragon 425 Chipset ကိုအသုံးပြုပေးထားပါတယ်။ Body Frame ကတော့ အလူမီနီယံသတ္ထုနဲ့ပြုလုပ်ထားပြီး အနောက် Cover ကတော့ အလူမီနီယံနဲ့ တူအောင်ဖန်တီးထားတဲ့ ပလက်စတစ် ဘော်ဒီအမျိုးအစားပါ။ အသုံးပြုနိုင်မယ့် Android Version ကတော့ 7.1.2 (Nougat) နဲ့ဖြစ်ပြီး MIUI Version ကိုတော့ 10 အထိ Upgrade ပြုလုပ်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။


Camera

Camera ပိုင်းကိုတော့ Main Camera 13 MP နဲ့ Selfie Camera 16 MP အသီးသီးပါဝင်ပါတယ်။ အစပိုင်းကပြောခဲ့သလိုပဲ Selfie ဦးစားပေး စမတ်ဖုန်းဖြစ်တဲ့အတွက် Megapixel ပိုများသလို အလင်းအားနေတဲ့အချိန်မျိုးတွေမှာတောင် ကောင်းမွန်တဲ့ Selfie ပုံရိပ်တွေရရှိနိုင်ဖို့အတွက် Selfie Light ကိုထည့်သွင်း ပေးထားပါသေးတယ်။ Video ကိုတော့ 1080P ကို 30fps နဲ့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါဟာ တစ်သိန်းခွဲ ဝန်းကျင် စမတ်ဖုန်းတစ်လုံးထက် အများကြီးသာလွန်တဲ့ စွမ်းဆောင်ရည်တစ်ခုလို့ ဆိုရင်လည်းမမှားပါဘူး။


Storage

Storage ပိုင်းအနေနဲ့တော့ 64 GB/ 4 GB RAM ၊ 32 GB/ 3 GB RAM နဲ့ 16 GB/ 2 GB RAM ဆိုပြီးရွေးချယ် စရာသုံးမျိုးရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွက် အဓိကဝင်လာတာကတော့ Internal Memory 16 GB နဲ့ RAM 2 GB Version ပဲဖြစ်ပါတယ်။ ဒါပေမယ့် Dedicated SD Sim Slot ဖြစ်တာကြောင့် SIM Card 2 ကဒ်နဲ့အတူ Micro SD ကဒ်ကိုပါတစ်ချိန်တည်းအသုံးပြုနိုင်မှာဖြစ်ပါ တယ်။


Battery

Redmi Note 5A မှာပါဝင်တဲ့ Battery ပမာဏကတော့ 3080 mAh ဖြစ်ပြီး တစ်နေ့တာ အသုံးပြုမှုအတွက် လုံလောက်တဲ့ ပမာဏလို့ဆိုရမှာဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Chipset ကလည်း ပါဝါစားနှုန်းသက်သာတယ်ဆိုတော့ Battery ခဏလေးနဲ့ ကုန်သွားမှာ စိတ်ပူစရာမလိုပါဘူး။ Stand-by အနေနဲ့ထားမယ်ဆိုရင် 3G Mobile Network နဲ့ကို နာရီ ၂၄၀ ၊ ဖုန်းပြောမယ်ဆို ၃၂ နာရီ၊ သီချင်းနားထောင်မယ်ဆို ၇၅ နာရီအထိ အသုံးပြုနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။


Color

Redmi Note 5A ကို Gold နဲ့ Dark Grey ဆိုပြီးအရောင် ၂မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။


သုံးသပ်ချက်

ဒီနေ့ခေတ်အတွက် စမတ်ဖုန်းတစ်လုံးဟာ မျက်နှာပြင်အကျယ် ၅လက်မနဲ့အထက်ရှိမှ ကောင်းကောင်း အသုံးဝင်တဲ့ အနေအထားမျိုးကို ရောက်လာပါပြီ။ Facebook ၊ Instagram နဲ့ Viber အစရှိတဲ့ လူမှုကွန်ယက်တွေကို အသုံးပြုတဲ့ အခါမျိုးပဲဖြစ်ဖြစ် ဂိမ်းဆော့တဲ့ အခါမျိုးပဲဖြစ်ဖြစ် မျက်နှာပြင်ပိုကြီးလေလေ အသုံးပြုတဲ့သူအတွက် ပိုပြီးသက်တောင့်သက်သာ ဖြစ်လာလေပါပဲ။ ဒီအချက်တွေကြောင့် မျက်နှာပြင်အကျယ် ၅.၅ လက်မရှိတဲ့ Redmi Note 5A ကိုရွေးသင့်သလို Battery စားနှုန်းသက်သာတဲ့ Qualcomm Snapdragon 425 Chipset ကြောင့်လည်း ဖုန်းကပိုပြီး ရွေးချယ်စရာကောင်းတဲ့ အချက်တစ်ချက် တိုးလာပါသေးတယ်။ ဒါ့အပြင် Selfie Camera ပိုင်းကလည်း တခြားဈေးနှုန်းတူ စမတ်ဖုန်းတွေထက်စာရင် နည်းနည်းလေး ပိုကောင်းနေပါသေးတယ်။ အားလုံးခြုံပြောရရင် ဖုန်းတစ်လုံးအတွက် ငွေလည်း အများကြီး သိပ်မသုံးချင်ဘူး၊ ဒါပေမယ့် သင့်တင့်တဲ့မျက်နှာပြင်အကျယ်ရှိရမယ်၊ Camera ကောင်းပြီး Battery လည်းခံရမယ်ဆိုတဲ့ ဘက်စုံသုံး စမတ်ဖုန်းတစ်လုံးကို ရှာနေတယ်ဆိုရင်တော့ Redmi Note 5A ကရွေးချယ်စရာအကောင်းဆုံး စမတ်ဖုန်းတစ်လုံးဖြစ်တယ်လို့ POPOLOLO ရဲ့ Fans တွေအတွက် အကြံပြုလိုက်ရပါတယ်ခင်ဗျာ။