Mi A2 Lite

မြန်မာနိုင်ငံတွင်း 2018 နှစ်လယ်ပိုင်းလောက်က ဝင်ရောက်လာတဲ့ Mi A2 နဲ့ Mi A2 Lite စမတ်ဖုန်းတွေဟာ အသင့်တင့် ကောင်းမွန်တဲ့ Mid-range နဲ့ Budget ဖုန်းမှန်းထားသူတွေအတွက် ရွေးချယ်စရာ Xiaomi ဖုန်း ၂ လုံးပါပဲ။ Mi A2 Lite ကို နောက်တမျိုး Redmi 6 Pro လို့ ခေါ်တွင်သေးပြီး မြန်မာနိုင်ငံမှာတော့ ၃ သိန်းဝန်းကျင်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒီတော့ Mi A2 Lite ရောင်းဈေးအရ ပြောရမယ်ဆိုရင် တန်ဖိုးကြီးသယောင်ရှိနေပါတယ်။ အသင့်တင့်ကောင်းမွန်တဲ့ စမတ်ဖုန်း Display နဲ့ စွမ်းဆောင်ရည်ပိုင်ဆိုင်ထားတယ်၊ ထပ်ပြီး ဘယ်လိုအားသာချက်၊ အားနည်းချက်ရှိဦးမလဲဆိုတာ လေ့လာကြည့်ရအောင်။


Design & Display

ဖုန်းဒီဇိုင်းပြောရမယ်ဆိုရင် ပလတ်စတစ်ကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး အလေးချိန်အနေနဲ့ 178g ရှိပါတယ်။ ဒါကြောင့် 5.84” အရွယ်စားဖုန်းတစ်လုံးအတွက် လေးတယ်လို့ပြောနိုင်ပြီး မိုဘိုင်းကွန်ယက်အတွက် 4G/LTE သုံးနိုင်မယ်၊ ဒိအတွက် Dual SIM/ Dual Standby နဲ့ ထောက်ပံ့ထားပါတယ်။

Display ပိုင်းမှာဆိုရင် IPS LCD Panel သုံးပေးထားပြီး 5.84” Screen ထဲမှာ 1080 x 2280 Resolution ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် Mi A2 Lite ဟာ Display ပိုင်းမှာ ညံ့တဲ့ထဲမပါဝင်ဘဲ 19:9 Aspect Ratio နဲ့ FullView အဖြစ်မြင်တွေ့ရမယ့် ဖုန်းတစ်လုံးပါ။ 432ppi ရှိပေမယ့် 2018 စမတ်ဖုန်းထုံးစံအတိုင်း Display ထဲမှာ Notch ပါဝင်မှာပါ။


Performance & OS

 စမတ်ဖုန်းစွမ်းဆောင်ရည်အတွက် Snapdragon 625 Processor အသုံးပြုထားပြီး 3GB ဒါမှမဟုတ် 4GB RAM နဲ့ တွဲဖက်ပေးထားပါတယ်။ ဒီ SD 625 Processsor ဟာ Power Efficient Core ၈ လုံးအသုံးပြုထားတာဖြစ်တဲ့အတွက် Heavy Duty နဲ့ Multi-tasking အတွက် အားပျော့တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အင်တာနက်သုံးတာ၊ ရုပ်ရှင်ကြည့်တာနဲ့ LighMulti-tasking အတွက် လုံလောက်မှုရှိပါတယ်။ Adreno 506 GPU သုံးထားတဲ့အတွက် Mi A2 Lite ဟာ Mobile Legends လောက် ကိုင်တွယ်ပေးနိုင်မယ့် ခွန်အားရှိပေမယ့် PUBG Mobile လို ဂိမ်းမျိုးအတွက် Struggle လုပ်ရဖွယ်ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ 4GB/64GB မော်ဒယ်ကို ၃ သိန်းဝန်းကျင် 3GB/32GB မော်ဒယ်ကိုတော့ ၂ သိန်းခွဲဝန်းကျင်နဲ့ ရောင်းချပေးနေပါတယ်။ နောက်ပြီး OnBoard Storage နဲ့ မလုံလောက်သူတွေ SD Card Slot ကနေ ထပ်တိုးအသုံးပြုနိုင်မှာဖြစ်ပြီး Mi A2 Lite မှာ 256GB အထိ ထောက်ပံ့ပေးထားပါတယ်။ OS ပိုင်းနဲ့ ပတ်သက်လို့ Android One ဖုန်းဖြစ်နေတဲ့အတွက် Latest OS နဲ့ Software Update မရမှာစိတ်မပူရပါဘူး။ လက်ရှိအချိန် Oreo နဲ့ ပွဲထွက်ထားပေမယ့် Pie Updat ရပြီဖြစ်သလို MIUI 10 အသုံးပြုနိုင်ပြီဖြစ်ပါတယ်။


Camera

၃ သိန်းတန် Mi A2 Lite အတွက် အားမရစရာအချက် သာမန်ထက်မပိုတဲ့ကင်မရာ ပါဝင်တဲ့အချက်ပါပဲ။ Dual Camera သုံးထားပေမယ့် Aperture 2.2 ရှိနေတဲ့အတွက် ဓာတ်ပုံကောင်းကောင်းရိုက်ချင်သူတွေ ၃ သိန်းလောက် ပေးချင်မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် အပျော်တမ်းသမားတွေအတွက် ရွေးချယ်စရာဖြစ်သွားခဲ့ပြီး 12MP Main Camera ကို 5MP ရှိ Depth Sensor နဲ့ တွဲဖက်ထားပါတယ်။ ဗီဒီယိုပိုင်းနဲ့ ပတ်သက်လို့ HDR နဲ့ Panorama အထောက်ပံ့ပါဝင်ပေမယ့် သုံးထားတဲ့ Processor နဲ့ Camera အရည်သွေးကြောင့် 1080p ကို 30fps နှုန်းရိုက်ကူးနိုင်တဲ့ အဆင့်တစ်ခုထဲနဲ့ ကျေနပ်လိုက်ရမှာပါ။

ရှေ့ကင်မရာတွက် f/2.0 ရှိ 5MP ကင်မရာပဲ ထည့်သွင်းပေးထားတာ ဘယ်လိုမှ Selfie ဝါသနာအိုးတွေ၊ အသင့်တင့်ကောင်းမွန်တဲ့ ကင်မရာပိုင်ဆိုင်ထားတဲ့ဖုန်းလိုက်ရှာနေသူတွေ ဝေးဝေးရှောင်စေတဲ့အချက်ပါ။ ရောင်းဈေးကို ၂ သိန်းဝန်းကျင်ရောင်းမယ်ဆိုရင်တော့ Budget အလုံးအနေနဲ့ ဝယ်ချင်စရာကောင်းပေမယ့် Mi A2 Lite ဟာ ဟိုမရောက်၊ ဒီမရောက်တဲ့ထဲ ပါသွားတယ်ထင်ပါတယ်။ ရှေ့ကင်မရာမှာလည်း HDR ထောက်ပံ့ထားတယ်ဆိုမယ့် 1080p ကို 30fps နှုန်း Video Call သုံးနိုင်တဲ့အဆင့်ပဲရှိပါတယ်။


Security & Final Thoughts

စမတ်ဖုန်း Security ပိုင်းအတွက် Fingerprint Scanner ထည့်သွင်းပေးထားပါတယ်။ နောက်ထပ် အားမရစရာပြောရဦးမယ်ဆိုရင် Quick Charge အထောက်ပံ့မပါဝင်သလို Type-C Support မရတဲ့အချက်ကလည်း ၃ သိန်းတန်ဖုန်းတစ်လုံးအတွက် ဈေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ဒီလိုအားမရစရာတွေထဲကမှ Mi A2 မှာ လိုအပ်သွားတဲ့ Battery နေရာမှာ Mi A2 Lite က ပိုပြည့်စုံသွားပြီး ပေါ့ပေါ့ပါးပါးပဲသုံးနိုင်တဲ့အတွက် ဖုန်းတစ်လုံးအတွက် 4,000 mAh Battery ကြီးများတောင် ထည့်သွင်းပေးထားပါတယ်။ နောက်ပြီး SD Expansion နဲ့ Storage ထပ်တိုးလို့ရတာက အားသာချက်ဖြစ်သွားပြန်ပေမယ့် Display ပိုင်းတစ်မျိုးပဲ အားရစရာရှိတယ်၊ ဒါမယ့် Notch ပါနေတယ်၊ ဒီဇိုင်းပိုင်းမှာလည်း ဆွဲဆောင်မှုမရှိတဲ့အတွက် ၃ သိန်းပေးရမယ့်အစား ဒိပြင်မော်ဒယ်တွေကိုပဲ ရွေးချယ်ကြမယ်ထင်ပါတယ်။ စွမ်းဆောင်ရည်နဲ့ ကင်မရာပိုင်းအရပြောရမယ်ဆိုရင် Mi A2 Litte ဟာ Social Media App ကောင်းကောင်းအသုံးပြုနိုင်ဖို့ အသင့်လျော်ဆုံးစမတ်ဖုန်းလို့ပဲပြောရင်း နိဂုံးချုပ်လိုက်ရပါတယ်။