Samsung Galaxy A9 (2018)

ကင်မရာစွမ်းဆောင်ရည် အသားပေးထုတ်လုပ်တတ်တာ Samsung အဌာမဟုတ်ပေမယ့်လို့ 2018 နှစ်ကုန်ပိုင်းမှာ ထွက်ရှိလာတဲ့ Galaxy A7 ၊ A9 တို့က Strategy ပြောင်းလဲထားပြီလို့ ဖော်ပြနေပါပြီ။ ကမ္ဘာ့ပထမဦးဆုံး Quad Camera Setup အသုံးပြုထားပြီးမျိုးဆက်ဟောင်း Galaxy Smartphone တွေနဲ့အသွင်မတူ၊ နည်းပညာအားသာချက်ထည့်သွင်းထားတဲ့ Galaxy A9 က ဓာတ်ပုံဝါသနာအိုးတွေအကြိုက်၊ ရွေးချယ်စရာဖြစ်လာပြီလို့ ကောက်ချက်ချပေးရမှာပါ။ ဒီလို ကင်မရာပိုင်းအတွက် သိသာတဲ့ပြောင်းလဲမှုအပြင် မြန်မာငွေ ၈ သိန်း ၈ သောင်းကျပ်တိတိ ကျသင့်မယ့် Latest Galaxy Smartphone မှာ ဘာအားသာချက်၊ အားနည်းချက်တွေရှိဦးမလဲဆိုတာ လေ့လာကြည့်ရအောင်။


 Design & Display

ပထမဆုံး ဒီဇိုင်းပိုင်းကစပြောရမယ်ဆိုရင် 2018 အစောပိုင်းက ထွက်ရှိထားတဲ့ Galaxy A8 နဲ့ အတူတူပဲလို့ပြောရမှာပါ။ ပလတ်စတစ်ကိုယ်ထည်နဲ့ဖွဲစည်းထားပြီး အရှေ့၊ အနောက်ကို Glass Body နဲ့ ဖုံးအုပ်ပေးထားတယ်၊ နောက်ဖက်မှာ ဒေါင်လိုက်အတိုင်း တည်ရှိနေတဲ့ Quad Camera ကိုမြင်တွေ့ရမှာဖြစ်ပြီး Fingerprint Sensor ကိုလည်း အလယ်နေရာမှာ တပ်ဆင်ပေးထားတာ မြင်တွေ့ရမှာပါ။ Samsung ရဲ့ Quad Camera ပုံစံက တချို့လူတွေအတွက် ဘဝင်မကျဖြစ်စရာကောင်းပေမယ့် အရည်သွေးမြင့်ရုပ်ပုံတွေ ရိုက်ကူးပေးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။


Display ပိုင်းမှာ sAMOLED သုံးထားတာတကြောင်း Samsung Display ဖြစ်နေတာဆိုတော့ အထွေအထူး အမွမ်းတင်စရာ မလိုဘူးထင်ပါတယ်။ ဒါပေမယ့် Mid-range Level ဖြစ်နေလို့ Resolution အရမ်းမမြင့်နိုင်သလို၊ Quality လည်း ပုံမှန်ထက်မပို အသင့်တင့်အနေထားရှိမယ်လို့ ခန့်မှန်းရပါတယ်။ 6.3” ပုံဖော်မျက်နှာပြင်ကိုမှ Notch မပါ Infinity Display နဲ့ ဖုံးအုပ်ပေးထားပြီး 1080 x 2220 Resolution ရှိပါမယ်။ Galaxy A9 Display က HDR မထောက်ပံ့ထားသလို တခြား Colour Format တစ်ခုကိုမှ Support ပေးထားခြင်းမရှိလို့ Display ပိုင်း သာမန်ပဲလို့ ပြောရမှာပါ။ နောက်ပြီး Feature လည်းစုံလင်တဲ့ Always on Display ပါဝင်သေးတာဆိုတော့ ပြိုင်ဖက်တွေထက် Display နည်းပညာအားသာမှုရှိတယ် ပြောရမှာပါ။



Performance

လာပါပြီ၊ ၈ သိန်းတန် စမတ်ဖုန်းတလုံးအတွက် Customer တွေ စိတ်ဝင်အစားဆုံးဖြစ်မိမယ့် အချက်က Processor ၊ RAM ဘယ်လောက်သုံးထားမလဲဆိုတာပါပဲ။ Performance ပိုင်းအရမ်းမျှော်လင့်ထားရင် Galaxy A9 ဝယ်ဖို့ မစဉ်းစားသင့်ဘဲ တခြား Flagship ဖုန်းတလုံးဝယ်လိုက်တာက ပိုအကျိုးရှိပါမယ်။ ဘာလို့အခုလိုပြောရသလဲဆိုရင် Snapdragon 660 Processor နဲ့ ၈ သိန်းတန် Smartphone ထုတ်ရဲတာ Samsung ပဲရှိလို့ပါ။ 6GB RAM နဲ့ 128GB Storage ထည့်သွင်းပေးထားတယ်ဆိုပေမယ့်လို့ High-end Build တွေလောက် မစွာနိုင်ပါဘူး။ 2.2GHz မြန်နှုန်းရှိ Kyro 260 နဲ့ 1.8GHz မြန်နှုန်းရှိ Kyro 260 ၄ လုံးစီသုံးထားတယ်၊ Adreno 512 GPU နဲ့တွဲဖက်ထားလို့ 4K ဗီဒီယိုရိုက်ကူးပေးနိုင်ပါမယ်။ OS ပိုင်းမှာ Android 8.1 (Orer) သုံးထားပြီး Sasmung Experience 9.0 နဲ့ ပိုပြီး အစဉ်ပြေပြေ အသုံးပြုနိုင်မှာပါ။


Camera

Galaxy A9 က ကင်မရာစမတ်ဖုန်းဆိုတော့ ပေးရတဲ့ ဈေးနဲ့ ထိုက်တန်တဲ့စမတ်ဖုန်းဖြစ်ရဲ့လားဆိုတာ ဆက်လေ့လာကြည့်ရအောင်။ သူ့မှာ f/1.7 ရှိ 24MP ပင်မကင်မရာသုံးထားတယ် ဒါပေမယ့် OIS ၊ Dual Pixel နဲ့ Laser AF တို့လို တခြားနည်းပညာတွေပါမလာဘူး၊ Aperture 1.7 ရှိတယ်ဆိုတာက အလင်းနည်းနေတဲ့အခါ ထင်ရှားပြတ်သားတဲ့ ပုံရိပ်တွေရိုက်ကူးပေးနိုင်တယ်ဆိုမယ့် ပြိုင်ဖက်စမတ်ဖုန်းတွေလို အားသာချက်တွေ ပါဝင်တာပိုကောင်းမယ်ထင်ပါတယ်။ နောက်ပြီး f/2.4 ရှိတဲ့ 8MP Ultrawide Camera နဲ့ 10MP Telephoto Camera ပါဝင်ပါဦးမယ်၊ ဒီကောင်တွေက မြင်ကွင်းကျယ်ပုံရိပ်တွေနဲ့ Zoom ဆွဲရိုက်ကူးတဲ့အခါမျိုးမှာ 2x Optical Zoom အထိ ပံ့ပိုးပေးနိုင်မယ်၊ နောက်ဆုံး f/2.2 ရှိ 5MP Depth Sensor ကင်မရာအကူညီနဲ့ ကြိုက်နှစ်သက်ရာပုံတွေ ရွေးချယ်နိုင်မယ်ထင်ပါတယ်။ ဆိုလိုတာ Galaxy A9 ဟာ Quad Camera ပါလို့ အရည်သွေးကောင်းတယ် ယူဆရပေမယ့် Mid-range Level အတွက် ပြည့်စုံတယ်၊ ဒါပေမယ့် ပေးရတဲ့ဈေးနဲ့ မကိုက်သလိုတော့ ခံစားမှုရှိစေပါတယ်။

နောက်ပြီး 4K ကို 30 fps နှုန်းနဲ့ပဲ ရိုက်ကူးနိုင်မယ်ဆိုတာ လက်ခံရပေမယ့် သုံးထားတဲ့ Processor နိမ့်နေတော့ Full HD ဗီဒီယိုတွေကို 60fp နှုန်းနဲ့မရိုက်ကူးနိုင်ပါဘူး၊ Slow-mo အတွက် 120 fps အတွက်ဆိုတာ ဝေလာဝေးလို့ပြောရမှာပါ။ ရှေ့ Selfie Camera အတွက်ကိုတော့ f/2.0 ရှိ 24MP သုံးပေးထားလို့ ဝါသနာအိုးတွေအတွက် အစဉ်ပြေမှာပါ။ Face Time အတွက် Full HD ဗီဒီယိုကို 30 fps နှုန်းနဲ့ရိုက်ကူးပေးနိုင်ပြီး HDR အထောက်ပံ့ရရှိပါဦးမယ်။


Security ၊ Battery & Conclusion

Security ပိုင်းအတွက် Fingerprint Scanner တမျိုးပဲ အသုံးပြုပေးထားပြီး Type-C Connector ပါရှိပါမယ်။ အဲ့အတွက် ဒေတာကူးဖို့ပဲဖြစ်ဖြစ်၊ Fast Battery Charging အတွက် အထောက်ကူရမှာဖြစ်ပြီး 3,800 mAh Battery ထည့်သွင်းပေးထားပါတယ်။ 6.3” စမတ်ဖုန်းတလုံးအတွက် Battery ပမာဏလုံလောက်တယ်ပြောရပေမယ့် Galaxy A9 ဟာ ကင်မရာကလွှဲပြီး တခြားနေရာတွေမှာ အတော်လေးဝိတ်လျှော့ထားတာ သိသာပါတယ်။ ဖုန်းတလုံး ၉ သိန်းပေးဝယ်မယ့်အစား နည်းပညာအားသာချက်၊ စွမ်းဆောင်ရည်ပိုကောင်းတဲ့ တခြားစမတ်ဖုန်းရွေးချယ်တာ ပိုကောင်းတယ်ဆိုပေမယ့်လို့ ကင်မရာပိုင်း အားသာချက်ရှိနေတဲ့ Galaxy A9 က ဓာတ်ပုံဝါသနာအိုးတွေအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုအဖြစ် ရပ်တည်နေမယ်လို့တော့ ပြောနိုင်ပါတယ်