Vivo V11

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ Vivo မိတ်ဆက်သွားခဲ့တဲ့ V11 စမတ်ဖုန်းကတော့ ၂၀၁၈ နည်းပညာသစ်တွေ ထွေးပိုက်ထားတဲ့ ဈေးနှုန်းသင့် Mid-Ranger လို့ ပြောရမှာပါ။ ဒီ V11  အားသာချက်တစ်ခုက In-display Fingerprint Scanner ပါဝင်လာပြီး Super AMOLED Display ၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် လူအများစိတ်ဝင်စားနေတဲ့ တန်ဖိုးသင့် နည်းပညာမြင့် စမတ်ဖုန်းအဖြစ် ဈေးကွက်ထဲ ရေပန်းစားနေပါတယ်။ သိပြီးတဲ့အတိုင်း Vivo ဖုန်းဆိုတော့ Mid-range တန်းမှာ ဘယ်လိုထူးခြားချက်တွေနဲ့ ဆုပ်ကိုင်ထားလည်းဆိုတာ လေ့လာကြည့်ရအောင်။



Design & Display

စမတ်ဖုန်းဒီဇိုင်းနဲ့ပတ်သက်လို့ အတော်လေး သေသပ်တယ်လို့ပြောနိုင်ပြီး အရောင် ၄ မျိုးနဲ့ရရှိနိုင်မယ့် V11 ကိုယ်ထည်ကို ပလတ်စတစ်၊ သတ္ထုစပ် ကိုယ်ထည်နဲ့ ပြုလုပ်ထားပါတယ်။ လုံးဝ သတ္ထုကိုယ်ထည်လို မဟုတ်ပေမယ့် ပလတ်စတစ် Frame ကိုမှ သတ္ထုကိုယ်ထည်နဲ့ ဒီဇိုင်းဆွဲထားတာပါ။ ဒါကြောင့်လည်း ရေပန်းစားနေတဲ့ Gradient Theme နဲ့ မြင်တွေ့ရပြီး အလေးချိန် အနေနဲ့ 157g ပဲ ရှိပါတယ်။ ဒါကြောင့်မလို့ အရွယ်စားကြီး စမတ်ဖုန်းတစ်လုံးအနေနဲ့ ရှိသင့်တဲ့အလေးချိန်ထက် ပိုပေါ့အောင် ထုတ်လုပ်ထားနိုင်လို့ နည်းပညာပိုင်း အတော်တိုးတက်လာပြီလို့ ပြောရမှာပါ။

Display ပိုင်းမှာဆိုရင်တော့ Under Display FP Reader ထုတ်ပံ့ထားနိုင်ဖို့ AMOLED Display သုံးမှဖြစ်နိုင်မှာပါ။ သာမန် LCD Panel ထက်ပိုပါးတဲ့ OLED အလင်းလွတ်အလွှာက FP Reader Data ကူးပြောင်းဖို့ပိုလွယ်ကူပြီး V11 စမတ်ဖုန်းမှာဆိုရင် 6.41” အရွယ်စားရှိ Super AMOLED Display သုံးပေးထားပါတယ်။ Resolution အနေနဲ့ 1080 x 2340 သုံးပေးထားပြီး Display နည်းပညာပိုင်းတွေ အတော်လေးဝိတ်လျှော့ထားတာတွေ့ရပါတယ်။ ဘာ အကာကွယ်နဲ့မှ ဖုံးအုပ်မထားသလို၊ HDR10 နဲ့ ဘာ Colour Format တစ်ခုကိုမှ မထောက်ပံ့ထားပါဘူး။


Performance & OS

စွမ်းဆောင်ရည်ပိုင်းမှာဆိုရင် အရင်နှစ်ထွက် Snapdragon 660 Processor သုံးထားလို့ ၂၀၁၈၊ စက်တင်ဘာအသုတ်မှာ ထွက်ရှိလာတဲ့ V11 အတွက် အားမရစရာပါ။ 2.2GHz မြန်နှုန်းရှိ Kyro 260 Core ၄ လုံးနဲ့ 1.8GHz မြန်နှုန်းရှိ Kyro 260 Core ၄ လုံးသုံးထားတယ်၊ 6GB RAM နဲ့ Internal Storage 128GB ပါဝင်လာတဲ့အချက်က Multi-tasking အတွက်ရော ဒေတာများများသိမ်းဆည်းနိုင်ဖို့အတွက်ပါ ဖြေရှင်းပြီးသားဖြစ်နေမှာပါ။ အဲ့ဒါအပြင် MicroSD Card Slot နဲ့ 256GB အထိ ထပ်တိုးနိုင်ဦးမှာမလို့ Storage များများထည့်သုံးချင်သူအတွက် ကောင်းမွန်တဲ့အချက်ပါပဲ။ OS ပိုင်းမှာ Android 8.1 (Oreo) နဲ့ မောင်းနှင်ထားပြီး Vivo ရဲ့ ကိုယ်ပိုင် Funtouch OS 4.5 နဲ့ ထပ်လောင်း အားဖြည့်ပေးထားပါတယ်။



Camera

စမတ်ဖုန်း ကင်မရာနဲ့ ပတ်သက်လို့ နာမည်ကျော်ကြားလာတဲ့ Dual Pixel နည်းပညာကို ထည့်သွင်းပေးထားပြီး f/1.8 ရှိ 12MP Primary Camera မှာ အသုံးပြုပေးထားပါတယ်။ ဒါကို f/2.4 ရှိ 5MP Depth Sensor နဲ့ Dual Setup လုပ်ပေးထားတာဆိုပေမယ့်လို့ Aperture 2.4 အထိရှိနေတာက အားမရစရာအချက်ပါ။ ဒါပေမယ့်လို့ ဗီဒီယိုပိုင်းမှာ HDR ထောက်ပံ့ထားပြီး 4K ကို 30 fps နှုန်းနဲ့ ရိုက်ကူးနိုင်ပါမယ်။ နောက်ထပ် အားမရစရာထပ်ပြောပါဆိုရင် Full HD ဗီဒီယိုကို 60 fps နှုန်းနဲ့ ရိုက်မကူးပေးနိုင်ပါဘူး၊ ဒါကလည်း SD 660 သုံးထားတာဆိုတော့ အပြစ်တင်လို့ မရပါဘူးလေး။ Selfie အတွက် 25MP ကင်မရာ ထည့်သွင်းပေးထားပြီး သိထားတဲ့အတိုင်း Vivo ဆိုတော့ Beauty Effect တွေနဲ့ ပေါင်းစပ်ထားတဲ့ A.I နည်းပညာတွေ ပါဝင်ပါဦးမယ်။ ဒီရှေ့ကင်မရာလည်းပဲ HDR Support ပါဝင်ပြီး Full HD ဗီဒီယိုကို 30 fps နှုန်းနဲ့ ရိုက်ကူးပေးနိုင်ပါမယ်။



Security ၊ Battery & Final Thoughts

စမတ်ဖုန်း Security ပိုင်းမှာဆိုရင်တော့ V11 ကအထင်ကြီးစရာပါ၊ Vivo Nex ဆီကဆင်းသက်လာတဲ့ Under Display Fingerprint Reader ပါဝင်လာလို့ Mid-range တန်းမှာ ပိုစွာနေတယ် ပြောရမှာပါ။ ဒီလို အားနည်းချက်၊ အားသာချက်ဒွန်တွဲနေတဲ့ V11 မှာ မကျေနပ်ဆုံး အချက်တစ်ချက်က ရိုးရိုး USB 2.0 Connector ထည့်သွင်းထားတာပါပဲ။ ဒါပေမယ့်လို့ Fast Battery Charging အတွက် 18W အားသွင်းစနစ် ပါဝင်ပြီး 3,400 mAh Battery ထည့်သွင်းထားပါတယ်။ ဒီနည်းပညာ၊ ဒီစွမ်းဆောင်ရည် ပါဝင်ထားတဲ့ V11 ကို မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်နဲ့ ဝယ်ယူရမယ်ဆိုတာကတော့ စိတ်ထဲ ကသိကအောက် နိုင်စေပါတယ်၊ Fingerprint တမျိုးထဲအတွက် နည်းပညာတန်ဖိုး မြင့်နေတာဆိုတော့ Security ပိုင်းနဲ့ ကင်မရာစွမ်းဆောင်ရည် ကြိုက်နှစ်သူတွေအတွက်တော့ V11 စမတ်ဖုန်းက ဆွဲဆောင်မှုရှိနေမှာ ကျိန်းသေပါပဲ။