Selfie ချစ်သူတွေအတွက် သင့်တင့်တဲ့ဈေးနှုန်းနဲ့ မိတ်ဆက်ပေးထားတဲ့ Vivo V9


Vivo မိတ်ဆက်ထားလိုက်တဲ့ V9 စမတ်ဖုန်းလေးဟာ ဈေးနှုန်း ၃ သိန်းလောက်ကနေ ၃ သိန်းခွဲအကြား ရွေးချယ်သင့်တဲ့ Mid-range စမတ်ဖုန်းလို့ပြောရမှာပါ။ ဒီဝန်းကျင်လောက်ဆို Selfie ဆွဲဖို့ ကင်မရာလည်းကောင်းမယ်၊ ဂိမ်းဆော့ဖို့ စွမ်းဆောင်ရည်လုံလောက်တဲ့ OPPO F7 ၊ Mi A2 တို့ ရှိတယ်ဆိုမယ့် Vivo ကို ဘာကြောင့်ရွေးချယ်သင့်သလဲ? V9 စမတ်ဖုန်းလေးမှာ ဘာအားသာချက်များ ရှိနေမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။


Display & Design

စမတ်ဖုန်းဒီဇိုင်း အရင်စပြောရမယ်ဆိုရင် ကိုယ်ထည်တခုလုံးကို ပလတ်စတစ်နဲ့ ပြုလုပ်ထားတယ်၊ ဒါကြောင့်မလို့ ပိုပေါ့သလို ဖုန်းတစ်ခုလုံးရဲ့ Weight က 150g လောက်ပဲ လေးတယ်။ အဲ့သလိုဆိုတော့ 6.3” အရွယ်စားရှိတဲ့ စမတ်ဖုန်းတစ်လုံးအတွက် ပေါ့တယ်လို့ပြောနိုင်သလို ကိုင်ရတာလည်း အစဉ်ပြေတယ်။

Display ပိုင်းမှာဆိုရင် 85.2 Screen to body Ratio ပိုင်ဆိုင်ထားတဲ့ 6.3” IPS Display သုံးထားပါတယ်။ Resolution အနေနဲ့ 1080x2280 (Full HD+) သုံးထားတာဆိုတော့ ရုပ်ထွက်ကောင်းမယ်၊ 400 PPI (Pixel per inch) ရှိတဲ့အတွက် ကြည်လင်ပြတ်သားမှုရှိမယ်။ Notch ပါတဲ့ Display Panel သုံးထားတာမလို့ User တချို့ ဘဝင်မကျဖြစ်နိုင်ပေမယ့် Software နဲ့ ဖျောက်ထားနိုင်ပါမယ်။


OS & Performance

V9 စမတ်ဖုန်းလေးက Android 8,1 (Oreo) နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိတော့ Pie Update မတင်နိုင်သေးပါဘူး။ ဒီလို Latest အဖြစ်ဆုံး Oreo ကို ကိုယ်ပိုင် Funtuch 4.0 နဲ့ ပေါင်းစပ်ပေးထားတယ်၊ User Experience အဓိကထားတာဆိုတော့ Application ဖွင့်တာ၊ ကင်မရာဖွင့်တာ လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်ပါမယ်။

စမတ်ဖုန်းစွမ်းဆောင်ရည် ပြောရမယ်ဆိုရင် Snapdragon 626 SoC အသုံးပြုထားတာတွေ့ရပါတယ်။ ဒီ 626 Processor ဟာ A53 Cortex အမျိုအစား Quad-Core Chip အသုံးပြုထားတာဖြစ်ပြီး မြန်နှုန်းအနေနဲ့ 2.2GHz ရှိပါတယ်၊ GPU ပိုင်းအတွက် Adreno 506 နဲ့ ကိုင်တွယ်ထားတာဆိုတော့ Mid-range Level အတွက် သင့်တင့်တဲ့ စွမ်းဆောင်ရည်ပိုင်ဆိုင်ထားတယ် ပြောရမှာပါ။ Mobile Legends ၊ PUBG လို Online ဂိမ်းမျိုးအတွက် ပြဿနာတစ်စုံတစ်ရာမရှိ ကစားနိုင်ပေမယ့် Fortnite ကစားဖို့အတွက်ဆိုရင်တော့ GPU အားနည်းချက်တော့ရှိနိုင်ပါတယ်။

အချက်လက်သိမ်းဆည်းဖို့ 64GB Storage ထောက်ပံ့ထားပြီး လိုအပ်လာရင် 256GB အထိ microSD နဲ့ ထပ်တိုးနိုင်ပါသေးတယ်။ စမတ်ဖုန်း RAM ကို 4GB ပမာဏထည့်သွင်းပေးထားတဲ့အတွက် Daily Multi-tasking အတွက် လုံလောက်မှုရှိတယ်ပြောရမှာပါ။


Camera

စမတ်ဖုန်းကင်မရာပိုင်း လေ့လာကြည့်မယ်ဆိုရင်တော့ V9 မှာ စိတ်ဝင်စားစရာလေးတွေရှိပါတယ်။ သမာရိုးကျ Dual Camera ၊ Selfie Camera သုံးထားတယ်ဆိုမယ့် ပိုမိုလှပစေဖို့ A.I နဲ့ပါ ကိုင်တွယ်လာတာ သတိထားမိမှာပါ။ ခေတ်ကိုက ကင်မရာပိုင်း အသားပေးလာတာဆိုတော့ ရိုက်ကူးလိုက်တဲ့ ပုံရိပ်တွေ Software နည်းပညာနဲ့ အားထားလာတာ မဆန်းဘူး ပြောရမှာပါ။

ဒါကြောင့်လည်း ကျောဘက်မှာ f/2.0 ရှိ 16MP ကင်မရာကို Primary သုံးပေးထားပြီး Depth Sensor အနေနဲ့ ရိုက်ကူးနိုင်ဖို့ 5MP သုံးပေးထားပါတယ်။ ရှေ့ဘက် Camera မှာ f/2.0 ရှိ 24MP ကင်မရာပါလာတာမလို့ Selfie အသားပေး စမတ်ဖုန်းဆိုတာ သိသာပါတယ်။

ကင်မရာလုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ ထပ်ပြောရရင် Dual-LED Flash ပါမယ်၊ HDR နဲ့ Panorama ရိုက်ကူးနိုင်မယ်၊ ဗီဒီယိုအတွက်ဆိုရင် 4K 2160p ကို 30fps နဲ့ ရိုက်ကူးနိုင်မယ်၊ ဒီလို ရိုက်နိုင်တာ SD 626 Processor ကို ကျေးဇူးတင်ရမယ်ပေါ့၊ ထပ်ပြီး Full HD ဗီဒီယိုကို 30fps နှုန်းနဲ့ပဲ ရိုက်ကူးနိုင်ဦးမှာပါ။


သုံးသပ်ချက်

Vivo V9 စမတ်ဖုန်းဟာ ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့စမတ်ဖုန်းလို့ ပြောနိုင်ပေမယ့် စွမ်းဆောင်ရည်ပိုင်း အားနည်းတယ်ပြောရမှာပါ။ ဒီဈေးနဲ့ဆို SD 660 လောက်သုံးလို့ရတယ်ဆိုပေမယ့် Selfie Focus ဖြစ်နေတော့ ချွင်းချက်လို့ပဲ သတ်မှတ်ရမှာပါ။

ဒီလို Processor Powerful မဖြစ်ဘူးဆိုရပေမယ့် မြန်မာငွေ ၅ သိန်းလောက်ကျသင့်မယ့် Galaxy A6 Plus ထက်တော့ အများကြီးအားသာပါတယ်။ Samsung က Snapdragon 450 သုံးထားတာဆိုတော့ Processor ပိုင်းပိုအားသာတယ်၊ ဒါပေမယ့် ကင်မရာပိုင်းမှာ A6 Plus ပိုကောင်းတဲ့အနေထားရှိပြီး အထူးသဖြင့် Aperture Value ပိုနည်းသွားတဲ့ ကင်မရာတွေကြောင့် ပိုကောင်းတယ်ပြောရမှာပါ။

နောက်ပြီး Mid-ranger V9 အတွက် Fast Charging ပါမလာဘူး၊ အဓိကအားသာချက်တွေက Li-ion အမျိုးစား 3260 mAh Battery သုံးထားတယ်၊ Fingerprint Security ထည့်သွင်းပေးထားတယ်၊ Selfie ပိုင်းအသားပေးထားတဲ့ စမတ်ဖုန်းဖြစ်တာနဲ့အညီ နှစ်လိုဖွယ် ပုံရိပ်တွေ V9 စမတ်ဖုန်းနဲ့ ရိုက်ကူးနိုင်မှာမလို့ Selfie လှလှရိုက်ချင်သူတွေ ရွေးချယ်သင့်တဲ့ စမတ်ဖုန်းလို့ပဲပြောရမှာပါ။
ရရှိနိုင်မယ့် ကာလာတွေကတော့ Gold, Black, Sapphire Blue တို့ပဲဖြစ်ပါတယ်။