V9 Youth

Vivo အနေနဲ့ V9 စီးရီးမှာ ပိုဈေးသက်သာသွားပြီး Selfie အငွေ့အသက်ကလေး ပါဝင်နေသေးတဲ့ V9 Youth ဆိုပြီး မိတ်ဆက်ထားပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့အချက်က Processor ကို အတော်ဝိတ်လျှော့ပစ်လိုက်တာပါ။ တန်ဖိုးအားဖြင့် မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်ရှိတယ်ဆိုပေမယ့် V9 Youth စမတ်ဖုန်းက Budget တန်းမှာ အများတကာထက်ပိုစွာတဲ့ ကင်မရာပါတယ်၊ အထူးသဖြင့် Selfie တန်းမှာ ကောင်းကောင်းစွမ်းဆောင်ပေးနိုင်တာမလို့ စိတ်ဝင်စားစရာ ဘာများရှိဦးမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။ 


Design & Display 

စမတ်ဖုန်း ဒီဇိုင်းနဲ့ အသွင်ပြင်ပိုင်းပြောရမယ်ဆိုရင် V9 လိုပဲ ပလတ်စတစ်သားနဲ့ ပြုလုပ်ထားတာ သတိထားမိမှာပါ။ Display Size ချင်းအတူတူပဲမလို့ ရုတ်တရက်မြင်လိုက်ရင် V9 လား V9 Youth လားခွဲရခက်နိုင်ပါတယ်။ နောက်ပြီး Weight ချင်းယှဉ်လိုက်ပြန်ရင်လည်း 150g ပဲ အလေးချိန်ရှိတာမလို့ V9 နဲ့ သွားတူနေပါတယ်။ Display ပိုင်းလေ့လာကြည့်မယ်ဆိုရင်လည်း 6.3” သုံးထားတာမလို့ V9 Youth အတွက် ထွေထွေထူးထူးလျှော့ပေါ့ထားတာမရှိပါဘူး။ ဘာလို့လဲဆိုရင် 1080x2280 Resolution သုံးထားသလို 85.2 Screen-to-body Ratio ရှိမယ်၊ 400 PPI (Pixel Per Inch) ရှိတာမလို့ Display Quality ချင်း အတူတူပဲပြောရမှာပါ။ ဒီလိုသာဆိုရင်တော့ Budget တစ်လုံးအတွက် ကောင်းမွန်တဲ့ အရည်သွေးပိုင်ဆိုင်ထားတယ် ပြောရမယ်ပေါ့။ 


OS & Performance 

V9 Youth ဟာ ၂၀၁၈ နှစ်ဆန်းပိုင်းထွက်တဲ့ စမတ်ဖုန်းဖြစ်တာနဲ့အညီ Android 8.1 (Oreo) နဲ့ ပွဲထွက်လာခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ Pie Update မတင်နိုင်သေးပေမယ့် Vivo ကိုယ်ပိုင် Funtouch OS 4.0 နဲ့ ပေါင်းစပ်အားဖြည့်ထားမှာပါ။ ဒီအတွက်ကြောင့်လည်း Application ဖွင့်တာ၊ ကင်မရာသုံးတာစတဲ့ Daily Use အတွက် Stock Android သုံးတာထက် ပိုအစဉ်ပြေ ချောမွေ့မှုရှိမှာပါ။ 
စမတ်ဖုန်းစွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ အားမရစရာအချက်တွေရှိနေပါတယ်။ အထူးသဖြင့် Budget Level အတွက် Snapdragon 450 SoC က အပြစ်ပြောစရာမရှိပေမယ့် User တချို့အတွက် စိတ်ကသိကအောက်ဖြစ်နိုင်ပါတယ်။ SD 450 Processor ဟာ A53 Cortex အမျိုးစား Octa-core ကိုပဲ အသုံးပြုပေးထားပေမယ့် 1.8GHz မြန်နှုန်းရှိမယ်၊ Graphics ပိုင်းကို Adreno 506 GPU နဲ့ပဲ ကိုင်တွယ်ပေးထားလို့ ခေတ်ပေါ်ဂိမ်းတွေဆော့ကစားနိုင်မယ်။ ဒါမယ့် Weak ဖြစ်သွားတဲ့ Processor ကြောင့် PUBG လို Online ဂိမ်းမျိုးကစားရင်တော့ စွမ်းဆောင်ရည် Fluid မဖြစ်နိုင်ဘူး၊ ဒီလိုပဲ Fortnite ဂိမ်းကိုလည်း မကစားနိုင်လောက်ပါဘူး။ အချက်လက် သိမ်းဆည်းဖို့အတွက် 32GB Storage ပါဝင်လာခဲ့ပြီး လိုအပ်လာလို့ SD Card ထပ်စိုက်သုံးချင်တယ်ဆိုရင် 256GB အထိ တိုးနိုင်မှာပါ၊ 4GB RAM နဲ့ ဖုန်းစွမ်းဆောင်ရည် ကိုင်တွယ်ပေးထားတဲ့အတွက်လည်း Budget တလုံးအတွက် လုံလောက်မှုရှိသလို Daily Multi-tasking အတွက် အစဉ်ပြေပြေ အသုံးပြုနိုင်မှာပါ။ 


Camera 

ကင်မရာစွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် China Version နဲ့ Global Version ဆိုပြီး ၂ မျိုးကွဲတာ သတိထားရမှာပါ။ ဘာလို့လဲဆိုရင် China အတွက်ထုတ်ထားတဲ့ V9 Youth ကို Y85 လို့ ခေါ်ဆိုပြီး ကင်မရာပိုင်း Global Version ထက် ပိုနိမ့်လို့ပါ။ ဒါကြောင့် ကင်မရာပိုင်း သုံးသပ်ရမယ်ဆိုရင် 13MP Camera ကို 2MP Camera နဲ့ အားဖြည့်ထားတယ်၊ ဒါကတော့ China အတွက်ပါ၊ 16MP Camera ကိုပဲ 2MP Camera နဲ့ တွဲသုံးထားကိုတော့ Global အလုံးတွေမှာ အသုံးပြုထားပါတယ်။ 
Selfie ပိုင်းအတွက်ကိုတော့ Version ၂ မျိုးလုံး f/2.0 ရှိ 16MP ကင်မရာသုံးပေးထားတာမလို့ Budget စမတ်ဖုန်းအတွက် အားသာတယ်ပြောရမှာပါ။ Aperture 2.0 ရှိတဲ့အတွက် အလင်းရောင်အားနည်းတဲ့နေရာတချို့မှာ ကောင်းမွန်တဲ့ပုံရိပ်ရိုက်ကူးနိုင်မှာဖြစ်ပြီး ဒီလိုအားသာချက်မျိူးကို Budget တန်းမှာ မြင်တွေ့ရလေ့မရှိပါဘူး။ ကင်မရာလုပ်ဆောင်ချက်နဲ့ပတ်သက်လို့ ပြောရရင်တော့ Full HD ဗီဒီယိုတမျိုးပဲရိုက်ကူးနိုင်မှာပါ။ တခြားလုပ်ဆောင်ချက်တွေက Dual-LED Flash ပါမယ်၊ HDR နဲ့ Panorama ရိုက်ကူးနိုင်ဦးမှာပါ။ 


သုံးသပ်ချက်
 
မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်ကျသင့်မယ့် V9 Youth စမတ်ဖုန်းဟာ သင့်တင့်တဲ့ဈေးနှုန်းပိုင်ဆိုင်ထားတယ်ဆိုပေမယ့် SD 450 Processor ကြောင့် ပြိုင်ဖက်တွေအကြား မျက်နှာငယ်နေရတယ်လို့ ပြောရမှာပါ။ V9 မှာတောင် SD 626 သုံးထားတယ်ဆိုမယ့် Powerful ဖြစ်တဲ့ထဲမပါသေးပါဘူး။ ဒီအချက်က ကင်မရာသုံးမယ်၊ အထူးသဖြင့် Selfie ဝါသနာအိုးတွေအတွက် အရေးမကြီးဘူးဆိုတော့ V9 Youth ဟာ Budget စမတ်ဖုန်းတွေအကြား f/2.0 ရှိတဲ့ 16MP ကင်မရာကြောင့် ပိုစွာနေတယ်ပြောရမယ်ပေါ့။ ဒါကြောင့်လည်း ၂ သိန်းဝန်းကျင် စမတ်ဖုန်းတွေထဲ Popular ဖြစ်နေပြီး Fingerprint Scanner ပါတယ်၊ USB On-The-Go နည်းပညာထည့်သွင်းထားတယ်၊ ဘက်ထရီကိုလည်း V9 လို 3260 mAh Battery ပဲ သုံးပေးထားလို့ ကြာကြာအသုံးခံမယ် စတဲ့အားသာချကတွေ ပိုင်ဆိုင်နေမှာပါ။ အဲ့သလိုဆိုတော့ V9 Youth စမတ်ဖုန်းဟာ ဈေးနှုန်းလည်းသင့် အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးချင်တဲ့ Seflie ဝါသနာအိုးတွေ ရွေးချယ်သင့်တဲ့ စမတ်ဖုန်းလို့ ပြောရမှာပါ။