Design လှပပြီး စွမ်းဆောင်ရည်အပြည့်နဲ့ Mi A2


၂၀၁၈ ထဲ Asus မိတ်ဆက်ထားလိုက်တဲ့ Zenfone Max Pro ပြီးသွားရင် Pure Android ထဲ နောက်ထပ်ရွေးချယ်စရာဖြစ်လာတာက Xiaomi Mi A2 စမတ်ဖုန်းပါ။ တရုတ်မှာတော့ Mi 6X လို့ခေါ်တာပေါ့။ (Mi A1 တုန်းကလို China အတွက် MIUI ROM ကိုသုံးပေးထားပါတယ်) အရင်ထွက်ခဲ့တဲ့ Mi A1 နဲ့ ယှဉ်လိုက်ရင် Display ပိုင်း၊ System Performance နဲ့ ကင်မရာပိုင်းတွေမှာ ပိုအဆင့်မြင့်လာခဲ့ပါပြီ။ နောက်ပြီး Mi A1 မှာကျန်နေခဲ့တဲ့ Quickcharge နည်းပညာပါလာခဲ့ပြီမလို့ Mi A2 စမတ်ဖုန်းမှာ Fast Charging သုံးလာနိုင်ပါပြီ။ ဒီလို Pure Android စမတ်ဖုန်းထုတ်လာတဲ့ Xiaomi ဒီတစ်ခါမှာလည်း ဘာအထူးအဆန်းလုပ်ထားပါသလဲ?


Design & Display

ဒီဇိုင်းပိုင်းအရင်စပြောရရင် Mi A1 ရဲ့ Aluminum သတ္ထုကိုယ်ထည် မစွန့်ပယ်ထားသေးပါဘူး။ Metal Body နဲ့ဆိုတော့ ကိုင်ရပိုကောင်းတာပေါ့နော်၊ ရှေ့ဘက်ကိုယ်ထည်ကိုတော့ Glass နဲ့ ပြုလုပ်ထားပြီး အလေးချိန်အနေနဲ့ Mi A1 တုန်းကလို 166g အလေးချိန်ပဲရှိမှာပါ။

Display ပိုင်းမှာတော့ Mi A1 ထက်ပိုကောင်းလာခဲ့ပြီလို့ ပြောရမှာပါ။ မြန်မာငွေ ၃၇၉ ၀၀၀ တန် စမတ်ဖုန်းအတွက် FullView Display ပါလာခဲ့တာ အထူးဆန်းမဟုတ်ပေမယ့် Resolution အနေနဲ့ကတော့ အားမရစရာပါ။ နောက်ပြီး Screen-to-body Ratio ၊ ပြိုင်ဖက်တွေ 83 ရှိနေချိန် Xiaomi က 5.99” Screen ပေါ် 77.4 ပဲ မျက်နှာပြင်ကို လွှမ်းမိုးထားနိုင်တယ်။ ဒီအချက်က အပြစ်ပြောစရာမဟုတ်ပေမယ့် 1080x2160 Resolution က အသင့်အတင့်ရှိပါတယ်။ ဒါပေမယ့် Corning Gorllia Glass Protection နဲ့ ကာကွယ်ပေးထားလို့ ပြိုင်ဖက်တွေထက် ပိုသာတယ်ပြောရမှာပါ။


OS & Performance

Mi A1 ကစပြီး Pure Android ဒါမှမဟုတ် Android One လို့နာမည်ရလာတဲ့ Xiaomi ၊ ဒီတခါမှာလည်း ပိုကောင်းမွန်လာတဲ့ Mi A2 နဲ့ အစဉ်လာကောင်းကို ဆက်ထိန်းသိမ်းထားတယ်ဆိုရမှာပါ။ Android 8.1 (Oreo) နဲ့ ပဲ ပွဲထွက်လာခဲ့တယ်ဆိုပေမယ့် နောက်ဆုံးပေါ် Pie Update တင်သုံးနိုင်ပါပြီ၊ နောက်ပြီး MIUI 10 အထိ အဆင့်မြင့်ထားနိုင်ပြီမလို့ OS နဲ့ Software Update အပိုင်းမှာ စိတ်အနှောက်ယှက်ဖြစ်စရာ မရှိပါဘူး။

စွမ်းဆောင်ရည်ပိုင်းမှာဆိုရင်လည်း Snapdragon 660 SoC နဲ့ အားဖြည့်ထားသလို ပိုအားကောင်းလာတဲ့ Adreno 512 GPU ပြောင်းသုံးလိုက်တာက ပိုဈေးကြီးသွားတယ်ဆိုရပေမယ့် ပြိုင်ဖက်တွေထက် ပိုအားသာလာတဲ့အချက်ဖြစ်လာတာပါ။ RAM ကို 4GB/6GB ရွေးချယ်နိုင်သလို Storage မှာလည်း 32GB/64GB/128GB ဆိုပြီး Option ၃ မျိုးပါဝင်လာမှာပါ။ ဒီလို Specs တွေ ပိုင်ဆိုင်ထားတဲ့အတွက် Mi A2 ဟာ Daily Use ကအစ ဂိမ်းကစားတာမျိုးအတွက် Powerful လည်းဖြစ် ကောင်းမွန်တဲ့စမတ်ဖုန်းတလုံးပါပဲ။


Camera

ကင်မရာပိုင်းမှာဆိုရင်လည်း Mi A1 ထက် ပိုသာလာပါပြီ။ အရင်က 12MP ၂ လုံး Dual သုံးထားတယ်ဆိုပေမယ့် Mi A2 မှာ Aperture Value ပိုနည်းလာတဲ့ ကင်မရာ ၂ လုံးနဲ့ ပွဲထုတ်ထားပါပြီ။ ကျောဘက် Main Camera ကို f/1.8 ရှိ 12MP ကင်မရာနဲ့ အားဖြည့်ထားတယ်၊ ဒီလိုပဲ f/1.8 ရှိ 20MP ကင်မရာကိုတော့ Telephoto အတွက် အားဖြည့်ထားပြီး 4K ဗီဒီယိုကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်မယ်၊ HDR နဲ့ Panorama Function ပါဝင်ဦးမယ်။

ရှေ့ကင်မရာကိုတော့ Selfie အတွက် အားဖြည့်ထားလိုက်ပြီး f/2.2 ရှိပါမယ်၊ သူ့ Feature တချို့ LED Flash နဲ့ Auto-HDR ပါဝင်ဦးမှာမလို့ Pure Android တဖြစ်လည်း Mi A2 အတွက် ပြိုင်ဖက်တွေထက် ပိုကောင်းတဲ့အားသာချက်တွေလို့ပြောရမှာပါ။


သုံးသပ်ချက်

Mi A2 စမတ်ဖုန်းဟာ Pure Android တွေထဲ ရွေးချယ်သင့်တဲ့ စမတ်ဖုန်းကောင်းဆိုပေမယ့် Asus မိတ်ဆက်ထားတဲ့ Zenfone Max Pro နဲ့ယှဉ်လိုက်ရင် စိတ်ဝင်စားမှုနည်းသွားတဲ့အချက်တွေရှိပါတယ်။ Mi A2 အဓိကလိုအပ်သွားတဲ့နေရာက တန်ဖိုးကြောင့်လို့ခန့်မှန်းရပြီး Zenfone နဲ့ယှဉ်လိုက်ရင် အရမ်းကွာနေတာမျိုး မရှိပါဘူး။ နောက်ပြီး 3000 mAh Battery ပဲပါဝင်လာတာက Hardware မြင့် စမတ်ဖုန်းတလုံးအတွက် ပမာဏနည်းပါးတယ်လို့ ခံစားရစေပါတယ်။

ကင်မရာလုပ်ဆောင်ချက် ပြောင်းလဲလာတာမျိုးမရှိပေမယ့် ပိုများလာတဲ့ ကင်မရာကြောင့် ပြိုင်ဖက် OPPO ၊ Vivo တို့ထက် ပိုဆွဲဆောင်မှုရှိပါတယ်။ USB Type-C သုံးထားတယ်၊ Quickcharge 3.0 ထောက်ပံ့ထားတဲ့အတွက် Mi A2 မှာ Fast Charging ရလာတာတွေက ထင်ရှားတဲ့ အားသာချက်တွေ လို့ပြောရမှာပါ။ရွေးချယ်နိုင်မယ့် အရောင်တွေကတော့ Mi A1 တုန်းကလို Black, Gold, Blue, Red, Rose Gold နဲ့ Red Edition တွေရရှိနိုင်မှာဖြစ်ပါတယ်။