Dual Camera စမတ်ဖုန်းလောကရဲ့ ခေါင်ခိုက်နေတဲ့ ဈေးကွက်ကို ထက်ဝက်ချိုးပြောင်းလဲစေတဲ့ Mi A1


Pure Android စမတ်ဖုန်းထဲမှာ ဈေးနှုန်းသင့်တင့်ပြီး ရွေးချယ်စရာဖြစ်လာတာက Xiaomi ရဲ့ Mi A1 ပါ။ Mi A1 (Mi 5x) Mi 5X နဲ့တွဲပြောရတဲ့ အကြောင်းရင်းကတော့ Mi A1 ကို Xiaomi က Google နဲ့ပူးပေါင်းပြီး Android 1 စမတ်ဖုန်းအနေနဲ့ Google ရဲ့ Stock Android ကိုအသုံးပြုကာ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းဖြစ်သလို Mi 5X ကတော့ MIUI ROM ကိုအသုံးပြုထားတဲ့ China Version အဖြစ်ထုတ်ထားလို့ပါပဲ။

၂၀၁၇ စက်တင်ဘာတုန်းက ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းဖြစ်ပေမယ့် Stock Android ဖြစ်တာနဲ့အညီ Google ဝန်ဆောင်မှုပေးသမျှ OS နဲ့ Software Update ကို ပုံမှန်ရရှိနေမှာပါ။ ကင်မရာနဲ့ System စွမ်းဆောင်ရည် ပြောရမယ်ဆိုရင်လည်း Mid-range ဖုန်းတလုံးအတွက် ပြည့်စုံတဲ့အနေထား ရှိပြီးသားမလို့ တခြားထူးခြားတာ ဘာများရှိဦးမလဲ လေ့လာကြည့်ရအောင်။


Design & Display

Mi A1 စမတ်ဖုန်းဟာ ၂၀၁၇ မကုန်ခင် အလန်းစား Specification တွေနဲ့ ထွက်ရှိလာသလို ဒီဇိုင်းပိုင်းမှာလည်း ကျေနပ်စရာကောင်းလှပါတယ်။ Xiaomi ထုံစံအတိုင်း ပေးရတဲ့ ဈေးနှုန်းနဲ့ထိုက်တန်အောင် ဒီဇိုင်းကအစ Aluminum သတ္ထုကိုယ်ထည် အသုံးပြုပေးထားတဲ့အတွက် ကိုင်ရတဲ့ Feel က တန်းမြင့်ဖုန်းဆန်ဆန် ခံစားစေမှာပါ။

ဝမ်းနည်းစရာကောင်းတာတခုက Mi A1 ကို Full-View Display နဲ့ မရနိုင်ပါဘူး။ Full HD Resolution ရှိတဲ့ 5.5” Display သုံးထားတယ်ဆိုပေမယ့် ပြိုင်ဖက်တွေနဲ့ယှဉ်လိုက်ရင် အားငယ်စရာ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် 403 PPI (Pixel Per Inch) ရှိတဲ့အတွက် ရုပ်ထွက်ကြည်လင်မှုရှိတယ်၊ Crisp ဖြစ်တယ်ဆိုရမယ်ပေါ့။ နောက်ပြီး Corning Gorilla Glass 3 Protection နဲ့ လည်း Display Panel ကို ကာကွယ်ထားပါသေးတယ်။ 2.5D Curved Display လေးကလည်း ဖုန်းကို ချစ်စရာကောင်းစေပါတယ်။


OS & Performance

OS နဲ့ ပတ်သက်လာရင်တော့ Update မရမှာ စိတ်မပူရဘူးထင်ပါတယ်၊ Android 7.1.2 (Nougat) နဲ့ ပွဲထွက်လာခဲ့တယ်ဆိုပေမယ့် နောက်ဆုံးပေါ် Pie Update တင်သုံးနိုင်ပါပြီ။ နောက်ပြီး MIUI Version ကိုလည်း 10 အထိ တင်သုံးနိုင်ပြီမလို့ OS နဲ့ Software Update အတွက်စိတ်ချရမှာပါ။

စွမ်းဆောင်ရည်ပိုင်းကို Snapdragon 625 နဲ့အားဖြည့်ထားတာမလို့ ခေတ်ပေါ် OPPO ၊ Vivo တို့ရဲ့ F7 ၊ V9 စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ အတူတူပါပဲ။ ARM Cortex A53 Octa-core Processor အသုံးပြုထားပြီး မြန်နှုန်းအနေနဲ့ 2GHz ရှိမှာဖြစ်ပါတယ်။

အချက်လက်သိမ်းဆည်းဖို့ 64GB ထည့်သွင်းပေးထားပြီး 4GB RAM နဲ့ တွဲဖက်ပေးထားပါတယ်။ ဒီ Specification က Mid-range စမတ်ဖုန်းတလုံးအတွက် ပြည့်စုံတဲအနေထားမှာရှိနေပြီး Adreno 506 GPU ကြောင့် Facebook ၊ Instagram နဲ့ YouTube ကြည့်တာကအစ Mobile Legends နဲ့ PUBG လို ဂိမ်းကစားတာမျိုးအတွက် အထစ်အငေါ့မရှိ ကိုင်တွယ်နိုင်ပါတယ်။


Camera

ကင်မရာပိုင်းမှာတော့ Pure Android တဖြစ်လည်း Mi A1 အတွက် အထင်ကြီးစရာပါ။ ဘာလို့လဲဆိုရင် OPPO ၊ Vivo တို့လို Selfie နဲ့ အလှရိုက်ဖို့အတွက် အဓိကမထားထားဘဲ Flagship ဖုန်းတွေလို စွမ်းဆောင်နိုင်ဖို့ ကင်မရာပိုင်းကို သေချာကောင်းအောင်လုပ်ထားလို့ပါ။

Mi A1 ရဲ့ Dual Camera ဟာ 12MP ၂ လုံးသုံးထားတယ်၊ Main အဖြစ်တာဝန်ယူထားတဲ့ 12MP တလုံးမှာ f/2.2 ရှိတယ်၊ ဒိထက်နည်းရင်ပိုကောင်းတယ်ဆိုမယ့် Mid-range တလုံးအတွက် ပြည့်စုံတယ်၊ 26mm (Wide) ရှိမယ်၊1.25µm အကျယ်နဲ့ စွမ်းဆောင်နိုင်ပါမယ်။ဒီလိုပဲ 12MP နောက်တလုံးက Telephoto အတွက်ဆိုတော့ Aperture ပိုကျယ်သွားတယ်၊ f/2.6 အထိရှိလာတယ်၊ 50mm (Telephoto) နဲ့ 1.0µm အကျယ်ရှိပါမယ်။

ဒါကြောင့် Mi A1 ကင်မရာ ပြိုင်ဖက်ထက်ပိုသာတယ်ပြောရပြီး Selfie အတွက် 5MP ကင်မရာတလုံးထဲအသုံးပြုပေးထားပါတယ်။ ကင်မရာလုပ်ဆောင်ချက် ပြောရဦးမယ်ဆိုရင် Dual-LED Flash ပါပါမယ်၊ HDR နဲ့ Panorama လုပ်ဆောင်ချက်တွေပါဝင်သေးပြီး SD 626 ကြောင့် 4K ဗီဒီယိုတွေကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်မှာပါ။


သုံးသပ်ချက်

Mi A1 စမတ်ဖုန်းရဲ့ အထင်ရှားဆုံးအချက်ကို ပြောရမယ်ဆိုရင် Pure Android ဖြစ်တယ်၊ ကင်မရာလည်းပိုကောင်းတယ်။ ဒါပေမယ့် အားမရစရာအချက်က Fast Charging မရပါဘူး၊ ပြိုင်ဖက်တွေ USB 2.0 သုံးနေချိန် Type-C Connector နဲ့ ပိုအဆင့်မြင့်လာတယ်။ ၂၀၁၇ စမတ်ဖုန်းအတွက် 3080 mAh Battery ပါဝင်တာ နည်းတယ်လို့ဆိုရပေမယ့် သူ့အိုးနဲ့ သူ့ဆန် သင့်သင့်လေး သုံးရမှာပါ။ တစ်နေ့တာ အသုံးပြုမှုတွေအတွက်ကောင်းကောင်း လုံလောက်မှုရှိပါတယ်။ ရွေးချယ်နိုင်မယ့်အရောင်တွေကတော့ Black, Gold, Rose Gold နဲ့ Red တို့ပဲဖြစ်ပါတယ်။