Pocophone F1

မြန်မာငွေ ၅ သိန်းခန့်ကျသင့်မယ့် Pocophone F1 စမတ်ဖုန်းကတော့ Mid-range တန်းမှာ Flagship Killer အဖြစ်ရပ်တည်နေပါတယ်။ စွမ်းဆောင်ရည်မြင့် Specification တွေ ပိုင်ဆိုင်ထားသလို၊ ကင်မရာအရည်သွေးလည်း ကောင်းမွန်တယ်၊ 2018 နည်းပညာသစ်တွေပါ ထွေးပိုက်ထားသေးလို့ ဈေးနှုန်းသင့်ပြီး ရွေးချယ်စရာကောင်းတဲ့ စမတ်ဖုန်းပါ။ ဒီလို နည်းပညာပိုင်းမှာရော Price to Performance အရပါ ပြိုင်စံရှားဖြစ်နေတဲ့ Pocophone F1 မှာ ဘယ်လို အားသာချက်၊ အားနည်းချက်ရှိနေမလဲဆိုတာ လေ့လာကြည့်ရအောင်။


Design & Display

စမတ်ဖုန်း ဒီဇိုင်းပိုင်းစပြောရမယ်ဆိုရင် တွေ့ဖူးနေ၊ မြင်နေကျ Xiaomi ၊ Huawei ဖုန်းတချို့နဲ့ ပုံစံချင်းမကွာနေပါဘူး။ Mid-range လည်းဖြစ်နေတဲ့အတွက် ပလတ်စတစ်ကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး အရှေ၊ အနောက် Glass Body နဲ့ ဖုံးအုပ်ပေးထားမယ့် ဒီဇိုင်းနဲ့ Poco Phone ကို မြင်တွေ့ရပါမယ်။ Hybrid SIM နည်းပညာအသုံးပြုထားလို့ MicroSD Card Slot ပါဝင်မှာမဟုတ်ဘဲ SIM Card နေရာမှာပဲ ထည့်သွင်းအသုံးပြုနိုင်မှာပါ။ ဒီလို Storage တိုးချင်လို့ ထပ်ထည့်မယ်ဆိုရင်တော့ 256GB အများဆုံးသုံးနိုင်မှာပါ။

Display ပိုင်းမှာဆိုရင် IPS LCD သုံးပေးထားပြီး 6.18” ရှိတဲ့ ပုံဖော်မျက်နှာပြင်ကို 1080 x 2246 Resolution ထောက်ပံ့ပေးထားပါမယ်။ ဒီအနေထားက Mid-range ဖုန်းတလုံးအတွက် ပြည့်စုံတဲ့အနေထားရှိနေပြီး Corning Gorilla Glass နဲ့ ဖုံးအုပ်ထားပါတယ်။


Performance & OS

စွမ်းဆောင်ရည်ပိုင်းမှာဆိုရင်လည်း High-end Snapdragon 845 Processor သုံးထားလို့ Mid-ranger တစ်လုံးအတွက် လိုတာထက်ပိုပြည့်စုံတယ်ဆိုရမှာပါ။ RAM အနေနဲ့ 6GB ဒါမှမဟုတ် 8GB ရွေးချယ်နိုင်ပြီး Storage Option အနေနဲ့လည်း 64GB ဒါမှမဟုတ် 128GB ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါဦးမယ်။ ဒီ Specification အနေထားတိုင်းဆိုရင် ပေးရတဲ့ဈေးနဲ့ထိုက်တန်သလို စွမ်းဆောင်ရည်လည်း ကောင်းမွန်နေတာကြောင့် ရွေးချယ်သင့်တဲ့ စမတ်ဖုန်းအဖြစ်ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ OS ပိုင်းမှာဆိုရင် Android Oreo သုံးပေးထားပြီး MIUI 10 (POCO Customization) နဲ့ တွဲဖက်ပေးထားပါတယ်။


Camera

စမတ်ဖုန်းကင်မရာအနေနဲ့ Flagship Level မှာသာမြင်တွေ့ရတဲ့ Dual Pixel နည်းပညာအသုံးပြု f/1.9 ရှိ 12MP Primary Camera သုံးပေးထားပြီး PDAF အထောက်ပံ့လည်းပါဝင်ပါဦးမယ်၊ ဒါ့အပြင် f/2.0 ရှိ 5MP ကင်မရာကို Depth Sensor အနေနဲ့သုံးပေးထားလို့ ကင်မရာစွမ်းဆောင်ရည်လည်း ပြည့်စုံတယ်လို့ပြောရမှာပါ။ ဗီဒီယိုအတွက် 4K ကို 30 fps နှုန်းနဲ့ ရိုက်ကူးပေးနိုင်ပြီး Full HD အတွက်ဆိုရင် အများဆုံး 240fps နှုန်းနဲ့ ရိုက်ကူးနိုင်မှာမလို့ Flagship Killer Smartphone လို့လည်းပြောနေကြတာပါ။ ရှေ့ကင်မရာအတွက် f/2.0 ရှိ 20MP ကင်မရာသုံးထားလို့ Selfie ဝါသနာအိုးတွေအတွက် အဆင်ပြေပြီးသားဖြစ်မှာပါ။


Security ၊ Battery & Conclusion

Security ပိုင်းအတွက် Infrared Face Recognition Feature သုံးပေးထားပြီး Fingerprint Reader ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Type-C Connector သုံးထားလို့ ဒေတာကူးတာဖြစ်ဖြစ်၊ အားသွင်းဖို့အတွက်ရော ပိုအသုံးတည့်မှာဖြစ်ပြီး Fast Battery Charging အတွက် 9V/2A Rating ရှိ 18W အားသွင်းစနစ်ပါရှိပါဦးမယ်။ ဒီလို Security နဲ့ တခြားနည်းပညာတွေမှာလည်း အားသာချက်ရှိနေတာမလို့ မြန်မာငွေ ၅ သိန်းခန့်ကျသင့်မယ့် Pocophone F1 ဟာ ရွေးချယ်စရာကောင်းတဲ့ စမတ်ဖုန်းတလုံးပါပဲ။ နောက်ပြီး 4,000 mAh Battery ထည့်သွင်းပေးထားလို့ တစ်နေ့တာအသုံးပြုဖို့ လုံလောက်တယ်လို့ ဆိုရဦးမှာပါ။